ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ ခံတွင်းရှင်းစေမယ့် ဟင်းချိုလုပ်နည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။အဲဒီဟင်းချိုကတော့ “ယိုးဒယားဟင်းချို” ဖြစ်ပါတယ်။ ယိုးဒယားဟင်းချိုချက်ပြုတ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပုစွန်၊ မှို၊ စပါးလင်၊ သံပုရာရွက်၊ ပဒဲကော၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငံပြာရည်၊ သံပုရာရည်၊ ငါး (သို့) ကြက်ပြုတ်ရည်တို့ဖြစ်ပါတယ်။