Oneplus ဟာဆိုရင် တဖြေးဖြေး နဲ့ နာမည် ရလာတဲ့ Smart Phone ထုတ်လုပ်တဲ့ Company ဖြစ်လာပါဘီ .... တခြား Brand တွေ နဲ့ မတူ တဲ့ သူ့ အားသာချက်က တော့ Specification အသစ်တွေ နဲ့ Price က လည်း သက်သာမယ် ... သူ့ Oxygen OS က လည်း တကယ့် Stock Android ကို မှ နည်းနည်း လေး ပဲ ပြုပြင်ထားတာ ကြောင့် Stock Android ရဲ့ သွက်လက်တဲ့ Smooth ဖြစ်တဲ့ ခံစာချက် ကို ပေးစွမ်းနိုင်တယ် လေ .... အခုလည်း Oneplus 6 နဲ့ ပတ်သတ်တာလေး တွေ ပေါက်ကြား လာလို့ တင်လိုက်ခြင်းပါ.... :D အခု ထွက်လာတဲ့ ဓာတ်ပုံ တွေ အနေနဲ့ ဆိုရင် Oneplus 6 ဟာ မျက်နှာပြင် 19:8 ratio နဲ့ဆိုတော့ အခုလက်ရှိ နောက်ဆုံး ထွက်ထားတဲ့ Oneplus 5T ထက် အနည်း ငယ် ပိုရှည်မှာ ဖြစ်ပါတယ်... ပြီးတော့ သူ့ မှာ နောက်ဆုံး ထွက်ရှိထားတဲ့ Flagship Snapdragon 845 ကို သုံးထားမှာ ဖြစ်ပြီး Antutu Benchmark အနေနဲ့ multicore score မှာ 276510 ရရှိမှာ ဖြစ်ပါတယ် .... Wow .... မြန်ချက်ကတော့ လန်ထွက်နေမှာ ပဲ ဗျို့ .... :D ဒါပေမယ့် မကြိုက်တာလေး ၁ ခု က Phone Body အနောက် ပိုင်း ကို လည်း Glass နဲ့ တဲ့ဗျာ .... ကြည့်ကိုင်ပေါ့ .... ကျွန်တော် Oneplus ကို လည်း သဘောကျတယ် ဗျ ... ရေစိုခံ မပါသေးတာလေး လည်း ပြောစရာ ဖြစ်နေပါသေးတယ် ....
photo from google