သူများနိုင်ငံမှာ ဘယ်သူမှစိတ်မဝင်စားတော့တဲ့ သင်္ဘောသားအလုပ်ကို ကိုယ်တွေမှာအပြိုင်
အဆိုင်တိုးနေရတာတွေ
အခုဆိုရင် ည၈နာရီကျော်တာနဲ့ ကိုယ်အိမ်ရှေ့တောင် လုံခြုံတယ် ထင်ပြီး မတ်တပ်ထွက်မရဲရတော့တဲ့
ဘဝတွေ
လေယာဉ်ပျံမြင်ရင် ပြေးလိုက်ရမယ့် အစား ကုတင်အောက်ဝင်ပုန်းနေရတဲ့ ဟိုးနယ်စပ်က တိုင်းရင်းသားကလေးတွေ
ဆယ်လမ်းလှမ်းရင်တောင်ခွန်ဂိတ်မလွတ်တဲ့နိုင်ငံမှာ လကမ္ဘာပေါ်ကလမ်းလောက် အဆင့်မရှိတဲ့လမ်းတွေ
ဆေးရုံ ဆေးခန်းတွေ မရှိလို့ အအေးမိအဖျားလောက်နဲ့ သေခဲ့ရတဲ့ အခြေခံလူတန်းစားဘဝ