...မင်္ဂလာပါ...
အနမ်းတစ်ချက် လွမ်းတစ်သက်
အနမ်းတစ်ချက်
ပန်းတစ်ခက်ပွင့်
လန်းဆန်းတင့်လာ
မောင့်ရင်ခွင်မှာ
မကြာခဏ
ခွဲကြရတော့
အလွမ်းတစ်ခု
ကျီစားပြုသည်
ဘဝသည်ကား
ချစ်လိုက်လွမ်းလိုက်
မနမ်းထိုက်ဟု
လွမ်းခိုက်ကြုံမှ
တွေဝေသလား
သို့ပေသော်ငြား
အမှားမထင်
ဆက်ချစ်ချင်သည်
အလွမ်းပြင်းပြင်း
ပန်းတစ်ခင်းလည်း
နွမ်းရင်းကြွေလွင့်
ဖြေမသင့်ပြီ
ငါ၏ရင်ကွဲ
ချစ်မြဲပါလေ...။
....... ဟိန်းခန့်မောင်........
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....