စဉ်းစားချိန် တန်ပြီ
——————
ဝမ်းနည်းစရာကောင်းတဲ့သတင်းတစ်ပုဒ်ဂုဏ်ပြု စရာကောင်းတဲ့စာအောင်သံဃာများ။
ဘာလို့ဝမ်းနည်းစရာကောင်းလဲဆိုတာ ပြောပြမယ်
စာချတန်းကို၂၂၈၄၄ပါး
ဖြေဆိုပေမဲ့
အောင်တာက၃၀၅၄ပါးထဲအောင်တယ်။
၁၈၀၀၀ကျော်က ကျစားရင်း။
အောင်ချက်ရာခိုင်နူန်းက ၁၃။
ဘာလို့အလောက်တောင်နည်းလဲဆိုတာစဉ်းစားမရဘူး။
ပထမပြန်ကြည့်ပြန်တော့
ပထမကြီးတန်းဖြေဘ၁၄၁၁၀
အောင်၁၂၁၇ပါး။
၁၂၀၈၃ပါးတောင်ကျ တယ်။
အောင်ချက်က
ဆယ်ရာခိုင်နူန်းတောင်မပြည့်
ပထမလတ်တန်ဖြေ ၁၃၉၂၃ပါး
အောင်၂၁၃၃ပါးပဲအောင်တယ်။၁၁၀၀၀ကျော်ကျတယ်။အ
အောင်ချက် ၁၄ပဲရှိတယ်။
ပထမငယ်တန်းဖြေ ၂၃၅၉၈ပါးဖြေ။
အောင်၃၄၂၅ပါးပဲအောင်တယ်
ဒါလည်းတကယ်တော့နည်းလွန်းတယ်။
ဘာပဲပြောပြောဒီအတိုင်းသာ
လုပ်နေလို့ကတော့
နောက်ဆယ်နှစ်ဆိုတာအများဆုံးပဲ။
စာသင်သားဆိုတာ
ရှိတော့မှာမဟုတ် မိမိအရင်တုန်းက စာသင်တိုက်နေဖို့ကို
ဘယ်လိုရှောက်ရှောက်
သံဃာပြည့်နေလို့လက်မခံတာများတယ်။အခုသုံးနှစ်လောက်ရှိသွားပြီ။ စာသင်သားက
ရှောက်စရာသိက်မလိုတော့ဘူး။စာသင်တိုက်တွေကကိုက
ပစ္စည်းလေးပါး ပြည့်စုံအောင်
ထားယေးမ် စာကြိုးစားဖို့ပဲလိုတာပါစသည်ဖြင့်ခေါ်နေရပြီ။
စာမေးပွဲ ကျလိုက်လူထွက်လိုက်နဲ့ လက်ရှိသံဃာက နည်းပါးလာနေတာဝမ်းနည်းစရာကောင်းတယ်။အဓိကက ဘုန်းကြီး ပညာရေးစနစ်ပြင်ဖို့လိုတာ လူတွေက ပညာရေးပြင်မှဘုန်းကြီးတွေက လိုက်ပြင်ဖို့လုပ်နေတာ ရှက်စရာကောင်းတယ်...။
အခုလဲ သာသနာရေးဝန်ကြီးက
ထုတ်တဲ့စာအုပ်ပဲကိုင်ရမယ်ဆိုတဲ့ အာဏာနဲ့ထုတ်ပြန်လာတဲ့
ဇာတက စာအုပ်တွေဟာ ဈေးက ကြီးလွန်းနေတယ်။ အရင်အကြီးတန်းစာအုပ်တစ်အုပ်မှ
၂၀၀၀ပဲပေးရတာ အခုကလုပ်စားခေတ်က ပြန်ရောက်လာနေပြီ။ဒီလိုသာဆက်သွားနေရင်...
နောက်ဘယ်နှစ်နှစ်ခံမလဲဆိုတာ စဉ်းစားစရာပဲ။
ကျတဲ့စာသင်သားတွေအတွက် ၀မ်းနည်းပေမဲ့အောင်တဲ့သံဃာတွေအတွက်ဝမ်းသာဂုဏ်ယူပါတယ်။သောင်းကျော်
ဖြေတာမှထောင်ကျော်လောက်အောင်တဲ့စာသင်သားတွေ
အတွက်သိပ်ဂုဏ်စရာကောင်းတယ်။ဒီလို ရာခိုင်နူံးနည်းနည်းလေး ထဲ ပါဖို့ဆိုတာ နည်းတဲ့
အရည်ချင်းမဟုတ်တဲ့အတွက် ၀မ်းသာပါတယ်။
ကိုးဆယ်ရာခိုင်နူန်းကျတဲ့အထဲ ပါတဲ့သူတွေအတွက်တော့ ၀မ်းနည်းပါ၏ဘုရား...။
ယုန်မရ တောကြေ ဆိုသလိုပါပဲဘုရား....။