ဒီနေ့22.3.2019 နေ့လည် မန်းရွှေစက်တော်သို့ ရောက်ခဲ့လေပြီ။
စည်ကားသားနားလှတဲ့ အညာဒေသ ရက်ရှည်ပွဲတော် နှစ်စဉ်တပိုတွဲလဆန်း (၅)ရက်မှ သင်္ကြန်နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်အထိကျင်းပမြဲမို့ မကြာမကြာ ရောက်ဖြစ်မိလေတော့သည်။
မိသားစုလိုက် ဘုရားခြေတော်ရာ အထက်စက်တော်ရာ အောက်စက်တော်ရာသို့ ဖူးမျှော်ပူဇော်ကန်တော့ကြပြီး မန်းချောင်းရေအထူးချိုးကြလေတော့သည်။
မန်းချောင်းရေက စိမ်းပြီးအေးလှပေသည်။ အနယ်နယ် အမြို့မြို့မှလာကြသော မိသားစု ဘုရားဖူးများ နေပူပူ ငွေကုန်ကုန် မန်းချောင်းရေချိုးရလို စိတ်ကြည်နူးနေတာ အမှန်ပေ။
အခုရက်မယ် စနေတနင်္ဂနွေရက်မှလူစည်တယ်လို့ ဒေသခံ တည်းခိုခန်းပိုင်ရှင်တွေ ဈေးသည်တွေက ပြောကြလေသည်။
နေ့ခင်းခနတည်းမို့ အတွင်းခန်းတည်းခိုခ ကျပ်၁သောင်းဘဲယူကြသည်။