အခုနှစ် မိုးဦးနောက်ကြတယ် ပြောရမလား မိုးဦးမာတယ် ဆိုရလောက်အောင် မိုးဝေးနေလို့ ပန်းမုံလာခင်းတွေလည်း ဈေးဆွဲလို့ရပြီး တစ်ပွင့်ကို အကြီး၃၈၀ကျပ်အထိ မြင့်တက်လို့ စိုက်ပျိုးသူများ အဆင်ပြေလျက်ပါ။
ဂေါ်ဖီထုပ်ကလည်း ဈေးထိုးတက်လာတာ အံ့သြစရာပါ။
တပ်ကုန်း ဗိုင်းနား ပြင်ဦးလွင် တောင်ငူ အောင်ပန်း ဒေသမှဂေါ်ဖီများ မြဝတီ ဘက်မှ ထိုင်းဗီယက်နမ်သို့ သင်္ဘောဖြင့် အဝယ်ရှိလို့ ပစ္စည်းပြတ်သလောက်ဖြစ်ကာ ပြည်တွင်းသုံးများ ဈေးထိုးတက်လေပေတော့သည်။
ဈေးကွက်ပေါ်လာသလို ကုန်စိမ်းဆိုတော့ အချိန်မှီရောက်ဖို့တော့ အဓိကအချက်ဖြစ်လေသည်။
အားလုံးအဆင်ပြေကြပါစေဗျာ။