LED LCD Panel vote point
အခုချိန်မှာတော့ english စာ ဖက်နိုင်တယ် internet ကို ကောင်းကောင်း အသုံးချတက်မယ်ဆို တော်တော်လေး ခရီးရောက်နေပါပီ။
တစ်ချို့ကလဲ ရှိပါသေးတယ် internet နဲ့ နိုင်ငံခြားစာအုပ်က ရလာတဲ့ အသိပညာကို ပြန်လည်မျှဝေရာမှာ ဆရာကြီးစတိုင် တအားလုပ်ပါတယ်။အခုဘဲနိုင်ငံတကာက ထုတ်လုပ်တဲ့ပညာ ရှင်တွေတောင် သူ့လောက် မတက်သလိုမျိုးလဲ ပြောဆိုဝါကြွားတဲ့သူတွလဲ အခုချိန်ထိ တွေ့နေရတုန်းပါ။နောင်လာနောင်သားဆိုတာ ရှေ့က သူတွေချပေး ချန်ပေးထားတဲ့ အကျိုးအကြောင်း အကောင်းအဆိုးပေါ်မူတည်ပီး သူကျင်လည်ရာ အခြေအနေမှာ အနေအထားတစ်ခု ကို အောင်မြင်အောင် ဆောင်ရွက် ထိန်းသိမ်းပေးထာတာကလဲ ကောင်းမြတ်တဲ့ အမူအကျင့်ပါ။သိထားတက်ထားတဲ့ ပညာတစ်ခုကို ဒီထက်ပိုပီးသိ ပိုပီးပြန်လည်မျှဝေပေးနိုင်တာကလဲ သူ့ရဲ့ အောင်မြင်မူ့ပါဘဲ။ဒါမှလဲ အနာဂတ်လူငယ်လေးတွေအတွက် မြင်မားတဲ့ပညာတွေ တိုးတက်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ငာသာ အသိဆုံး အတက်ဆုံး ဆိုတဲ့ မာန်မာန တွေနဲ့ အယူအဆမှားတွေ မချန်ထားခဲ့ဖို့ က အရမ်းအရေးကြီးပါတယ်။ဒီနေ့ ရေးတဲ့ အကြောင်းအရာက ခေါင်းစဉ်နဲ့လွှဲနေတယ် လို့မထင်ပါနဲ့ ဆက်ရန်ရှိပါသေးတယ် ။ MSU. 032