"အို ဖေဖေ ဆေးရုံကို ရောက်နေတယ်တဲ့"ကျွန်မ လေယာဉ်လက်မှတ်တန်းဝယ်ပြ်ီး ဖေ့ဖေ့ဆီ အမြန်ဆုံးထွက်လာခဲ့တယ်။ လမ်းမှာ ဖေဖေနဲ့ အေးအေးဆေးဆေး စကားလက်ဆုံကျဖို့ ကျွန်မလွဲချော်ခဲ့မှုတွေအကြောင်းပဲ တနုံ့နုံ့တွေးနေမိတယ်။ဆေးရုံကို ရောက်တဲ့အချိန်မှာတော့ ဖေဖေဟာ မျက်လုံးမှိတ်သွားရှာပါပြီ။ ဒီတစ်ခါတော့ ကျွန်မနဲ့ စကားပြောဖို့ အချိန်မပေးနိုင်ခဲ့တဲ့သူဟာ ဖေဖေ ဖြစ်လို့သွားပါပြီ။ အဲဒီအချိန်မှာပဲ ကျွန်မ ဖေဖေ့ရဲ့နက်ရှိုင်းတဲ့အတွေးတွေ၊ ဖေဖေ့ဆန္ဒအိပ်မက်တွေနဲ့ ဖေဖေ့အကြောင်းတွေ ကျွန်မဘာမှသေချာသိပ်မသိခဲ့ဘူးဆိုတာကို နှမြောတ,သစွာ နားလည်လာခဲ့တယ်။ဖေဖေ မရှိတော့တဲ့နောက်မှာ ကျွန်မ ဖေဖေ့အကြောင်းတွေ ပိုစဉ်းစားမိ သိရှိလာခဲ့ပြီး ကျွန်မကိုယ်ကိုယ်တိုင်ရဲ့အကြောင်းကိုပါ ဝေဖန်စီစစ်နားလည်သဘောပေါက်လာခဲ့ပါတယ်။ ဖေဖေဟာ ကျွန်မဆီကနေ အမြဲတမ်းသူနဲ့စကားပြောဖို့ အချိန်ပေးဖို့ အမြဲတောင်းဆိုခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့ အတွေးတွေ အချိန်တွေ အားလုံးကို တစ်နေ့ချင်းစီတိုင်း သူရရှိပိုင်ဆိုင်နေပါပြီ။ ဖေဖေ ....ကျွန်မတို့နဲ့ဘယ်လိုမှ အတူတူမရှိနိုင်တော့တဲ့အချိန်မှာပေါ့……………
author:
photo:images google