ငါ့အနားက နင်ထွက်သွားတိုင်း“ဘယ်သွားမှာလဲ ” လို့ ငါမမေးခဲ့ပေမယ့်နင်ရောက်နိုင်မယ့်နေရာတွေကို ခန့်မှန်းရင်းနင်မသိအောင် ငါ အနောက်က လိုက်နေမိခဲ့တယ်….။
ငါ့ကို နင်ဘေးမှာထား…..ပြောကြားနေတဲ့ဖုန်းက“ဘယ်သူနဲ့လဲ ” လို့ ငါမမေးခဲ့ပေမယ့်
နင့်စကားတွေ ရိပ်မိနေရင်းနင်မသိအောင် ငါ မျက်ရည်တွေဝဲနေခဲ့တယ်….။
ငါတို့ဝေးနေတဲ့အချိန်“နင်ဘာတွေလုပ်လေ့ရှိလဲ ” လို့ ငါမမေးခဲ့ပေမယ့်နင့်ပျော်ရွှင်ရာ ပျော်ရွှင်ကြောင်းတွေ နားလည်ပေးရင်းနင် မသိအောင် ငါ မျှဝေခံစားနေခဲ့တယ်…။
နင့်ဆီမှာ ငါနဲ့ပတ်သက်သမျှ“ဘယ်လိုအမှတ်တရတွေတည်ရှိနေလဲ ” လို့ငါမမေးခဲ့ပေမယ့်
နင့်ဆီကရခဲ့သမျှကို တလေးတစားဂရုစိုက်ရင်းနင်မသိအောင် ငါ တန်ဖိုးထားနေတတ်တယ်….။
author:
photo:google images