မတ်မတ်စုတို့ငယ်ငယ်က ရေခဲခြစ်လေးတွေကို အရမ်းကြိုက်ခဲ့တာပေါ့။ ရေခဲမုန့်တော့ ငယ်ငယ်က တကယ်ကို မစားဘူးခဲ့ပါဘူး။ အဲ့အချိန်ကတော့ အခုခေတ်လို တန်ဆာဆင်ထားတဲ့ ဂျယ်လီတုံးတွေ မပါဘူးပေါ့။ ရိုးရိုးရေခဲကို သစ်သားခြစ်နဲ့ ခြစ်ပြီး အရောင်စုံတဲ့ ဖျော်ရည်တွေ စမ်းပေးတယ်။ ပြီးတော့ အပေါ်ကမှ နို့ဆီလေး အုပ်ပေးတယ်။ တစ်ချောင်းကို ၁၀၀ပေးရတယ်။ ကလေးတိုင်းတောင် မစားနိုင်ကျဘူး။ အဲ့အချိန်က ဈေးကြီးပေးရတဲ့ ကလေးသရေစာစာရင်းဝင်ပေါ့။ အခုတော့ ရေခဲမုန့် ရေခဲခြစ်လေးတွေကို ဆင်းရဲချမ်းသာ မရွေးစားနိုင်ကျပါပြီ။ တိုးတက်ခြင်းလား ဆုတ်ယုတ်ခြင်းလား။
photo by me