Drugwar Player တွေအနေနဲ့ ထပ်သိထားရမယ့်အချက်ကတော့
မိမိ စခန်း တိုက်ခံရလို့ ရှုံးနိမ့်သွားပီဆိုတာနဲ့ 12နာရီတိတိ Shield ပွင့်ပီး ထိုအချိန်အတွင်း မည်သူမှတိုက်လို့မရအောင် အကာအကွယ်ဖြစ်နေပါလိမ့်မယ်။
အကယ်၍ သင်ကသာ 12 နာရီ
မပြည့်ခင်အခြားတစ်ယောက်ကိုတိုက်လိုက်တာနဲ့
ထို shield ပျက်ပြယ်သွားပါလိမ့်မယ်။
တဖက်ကပြန်ကြည့်တော့လည်း တစ်ချို့ အကောင့်အပိုရှိတဲ့သူတွေက ကိုယ့်အကောင့်ကို ကိုယ်ပြန်တိုက်ပီး Sheild ဖြစ်အောင်လုပ်ကာ Resources စုကြပါတယ်။
Edit
(လက်ရှိတော့ shield ကို 1 hour သာလျှင်ပေးတော့တာတွေ့ပါတယ်
ကြေငြာချက်ထုတ်တာမတွေ့ရပါ)
တကယ်ဆို တစ်ကောင့်နဲ့တစ်ကောင့် steem ပို့လို့ရပေမယ့် D W A ပို့လို့မရတော့ ဒီနည်းနဲ့ အကောင့်တစ်ခုထဲမှာ သွားစုလို့ရတဲ့သဘောပါပဲ။
Sheild ဖြစ်သွားတော့ ထပ်လာတိုက်လို့မရတာကော တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့။
အကောင့်များများနဲ့ အချိန်ကိုက် စုနိုင်ရင်ပိုကောင်းတာပေါ့။
နောက်တချက်က ကျနော့မှာအကောင့်အပိုတစ်ခုရှိတယ် Find Targets က ကိုယ်နဲ့ Drugs ထွက်နှုန်း တန်းတူတာလေးတွေပဲပြတော့ နိမ့်တဲ့အကောင့် Find Targets ထဲကနေရှာ နာမည်မှတ်ထားပီး မြင့်တဲ့အကောင့်နဲ့တိုက်တယ်။ ဒါမျိုးလုပ်ဖို့က browsers နှစ်ခုသုံးတာပိုကောင်းတယ်ဗျ။
နောက်တစ်ခုအနေနဲ့က ယခင် post မှာ ကျနော်ရေးထားတာ Fight မှာ မတိုက်ခင် အင်အားဘယ်လောက်ရှိလဲ ဝင်ကြည့်လို့မရဘူးရေးထားခဲ့တယ်။ ဟုတ်ပါတယ် Fight မှာဝင်ကြည့်လို့တော့မရပါဘူး သို့သော် Fight မှာ မိမိတိုက်မယ့်လူကိုမတိုက်ခင် ကျနော်တို့ ယခင်က steemitအကောင့် ဝင်ကြည့်သလို
drugwars.io/@ ခံပီး နာမည်ရိုက်ထည့်ကာ profile ကို ဝင်ကြည့်စစ်နိုင်ပါတယ်။
နောက်တခုက Shield ဖြစ်နေတဲ့အကောင့်တွေ မှတ်သားထားတာပိုကောင်းတယ်။ လက်ကျန် Hour ကိုမှတ်ထားပီး alarm ပေးထားပီး ပွင့်တာနဲ့ဝင်တိုက်ရင် ပိုရနိုင်ခြေရှိတယ်။ သူ့အနေနဲ့လည်း Shield ရှိနေတယ်ဆိုပီး အမှုမဲ့အမှတ်မဲ့ထားတော့ Unit သိပ်မထုတ်မိသလို Resources တွေလည်း 12 နာရီစာမဟုတ်တောင်အတော်ကျန်တတ်တယ်။ မနေ့က LeaderBoard ထဲက 1-500 အကောင့်တွေတော်တော်များများဟာ No Army နဲ့ Shield ဖြစ်နေတာတွေ့ရတယ်။
သို့သော် ထွက်နှုန်းများသူတွေမို့ resources တော့ အတော်ကျန်နေတာတွေ့ရတယ်။ ဒါကြောင့် Shield အပွင့်စောင့်တိုက်နိုင်ရင် ကောင်းနိုင်တယ်လို့မြင်မိတာပါ။
ဂိုဏ်းကြီးတွေ လက်ရေစမ်းကြလေလေမောင်တို့ ကြိုက်ကြလေလေပေါ့နော့။
နောက်တခုက Unit
အောက်က ဇယားက Unit တစ်ခုချင်းစီရဲ့ ကုန်ကျစာရိတ်နဲ့ သူ့သက်ဆိုင်ရာ တိုက်ခိုက်မှု ခုခံမှု အမြန်နှုန်းနဲ့ အမျိုးအစားကို တွက်ရလွယ်အောင် ဖော်ပြထားပါတယ်။ SS ရိုက်ယူရအောင်မို့ပါ။
| Name | Price | att | def | sp | class |
|---|---|---|---|---|---|
| Rowdy | W600 | 2 | 2 | 12 | Melee |
| Bouncer | W 1.4k, A 1.3k | 6 | 10 | 11 | Melee |
| Knifer | W 3k, A 800 | 12 | 5 | 10 | Melee |
| Gunman | W 3.6k, A 3.2k | 25 | 12 | 9 | Range |
| Sniper | W 3k, A 5.6k | 40 | 8 | 14 | Range |
| Hitman | W 10k | 30 | 15 | 8 | Range |
| Ninja | W 7k, A 7k | 50 | 20 | 5 | Melee |
| BigMaMa | W 9k, A 12k | 12 | 110 | 20 | Melee |
| Bazooka | W 15k, A 13k | 145 | 25 | 17 | Range |
| Mercenary | W 19k, A 14k | 120 | 75 | 15 | Range |
Class မှာ အဝေးပစ်နဲ့ အနီးကပ်တိုက်နှစ်မျိုးပါပါတယ်။ အဝေးပစ် class တွေကတော့ Range တွေဖြစ်ပါတယ်။
| Name | Price | att | def | sp | class |
|---|---|---|---|---|---|
| Gunman | W 3.6k, A 3.2k | 25 | 12 | 9 | Range |
| Sniper | W 3k, A 5.6k | 40 | 8 | 14 | Range |
| Hitman | W 10k | 30 | 15 | 8 | Range |
| Bazooka | W 15k, A 13k | 145 | 25 | 17 | Range |
| Mercenary | W 19k, A 14k | 120 | 75 | 15 | Range |
အနီးကပ်တိုက်တွေကတော့ Melee လို့ရေးထားတဲ့
| Name | Price | att | def | sp | class |
|---|---|---|---|---|---|
| Rowdy | W600 | 2 | 2 | 12 | Melee |
| Bouncer | W 1.4k, A 1.3k | 6 | 10 | 11 | Melee |
| Knifer | W 3k, A 800 | 12 | 5 | 10 | Melee |
| Ninja | W 7k, A 7k | 50 | 20 | 5 | Melee |
| BigMaMa | W 9k, A 12k | 12 | 110 | 20 | Melee |
အနီးကပ်အမာခံ Unit နဲ့ အဝေးပစ် တိုက်ခိုက်မှုများတဲ့ Unit တို့တွဲသုံးတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။
ကျနော့အယူအဆသက်သက်ပါ။
ကျနော့တန်တယ်ထင်ရတာပြောမယ်ဆိုရင် Meleeမှာဆို bouncer, BigMaMa, နဲ့ Range မှာဆို Mercenary တို့တွဲတာပိုကြိုက်ပါတယ်။
Unit တွေမှာ အများအားဖြင့် W က ပိုပေးရတာများပီး A ပိုပေးရတာဆိုလို့ Sniper နဲ့ Big MaMa တို့ပဲရှိပါတယ်။
Building upgrade တင်တာကျတော့ ကျန်တာတူပီး Drug Building တွေမှာ A ကပေးရတာပိုများပါတယ်။
နောက်ရက်မှသာလျှင် Unit အကြောင်း ထပ်ရေးပါတော့မည်။
ယခု post သည် ကျနော့်အထင်နှင့် ယူဆချက်သက်သက်ဖြင့်သာရေးသားထားသောကြောင့် မှားကောင်းမှားနိုင်ပါတယ်။ ဆင်ခြင်၍သာဆုံးဖြတ်ပါ။
ရေးထားခဲ့သလို ပြောရရင်ဖြင့်
Most importantly - remember it is just a game. Don't take it too seriously, and have fun
ဒါက သူ့ရဲ့ Drugwar Beginner Guide post ပါ
https://steemit.com/drugwars/@timcliff/drug-wars-on-steem-ultimate-beginners-game-guide
MSC 005
That Ko Zaw