ဘေးနားမှာ သူမရှိကတည်းက
ပိတောက်တွေဘယ်လောက်ဝေဝေ
ဟောဒီ နွေစစ်စစ်ကြီးကို
ကျွန်တော် ...မုန်းမိသည်...
ပျက်သွားသော ပန်ကာလေးကိုကြည့်ရင်း ဖီးမိတယ်လေ။
ဆောင်းအကုန်တော့ နွေကူးပီလေ စာသားတွေဘယ်လိုနုအောင်ကြံကြံ မန္တလေးနွေစုတ် နွေပဲကတော့ နေစရာမရှိအောင် ပှုခွဲပီပဲ။
တကယ်နေစရာဖြင့်မရှိဘူး။ ဘယ်နားသွားသွား ပှုတာပဲ။ အင်္ကျီများမချွတ်လိုက်နဲ့ ချွတ်လိုက်တာနဲ့ ပြန်မဝတ်ချင်တော့ဘူး။
အဲ့ယားကွန်းမရှိတော့ အိပ်လို့ကလည်း မရ။
အပြင်သွားတော့ကော အထက်ကနေကပှု အောက်က ကတ္တရာလမ်းကပှု ဆိုင်ကယ်အင်ဂျင်ကပှု
ဆင်းရဲလေ ပိုပှုလေမှတ်တာပဲဗျာ။
နေကပှုတော့ အစားကပျက်ပါဘိနဲ့။
ဒီကြားထဲနားကပှုတယ်။ ဘာတဲ့ ကောက်ရိုးနေပှုတယ်နော် လျော့ဦးတဲ့။
လူတွေများ မနာလိုဝန်တိုတတ်သေး ဆောင်းတွင်းတုန်းကကျတော့ ကောက်ရိုးအေးတယ် ပိုပိုသာသာလေးလုပ်ပါလားကျ မပြောကြဘူး။
အာ့ကြောင့် ရာသီဥတုကြီး တနှစ်ထက်တနှစ်ပိုဆိုးလာတာက လူတွေ ရင်ဘတ်ထဲက စိတ်တွေကြောင့်ဖြစ်မယ်။
မန်းလေးနွေသာ မုန်းတာဗျ မန်းသင်္ကြန်ကျတော့ ချစ်တာ။ သင်္ကန်း မစည်းရရင်တော့ဖြင့် နှစ်တိုင်း မပျက်စေရဘူး။ မိန်းမကိုပြန်မပြောရဲလို့ ငြိမ်ခံလာခဲ့သမျှ မဏ္ဍပ်ရှေ့ ပေါက်ကွဲရတာကိုးဗျ။
ဒါပေသိ သင်္ကြန်ကလည်း တလလောက်ကလိုသေးပေမယ့် ဒူချုပ်ဒူချပ်တွေနဲ့ ဆရာမြို့မငြိမ်းတို့၊ ဦးဇော်ဝမ်းတို့အသံတွေကကြားနေရပီ။
နွေဦးဆိုတဲ့အတိုင်း ဘယ်လွမ်းလို့လွမ်းရမှန်းမသိပါဘူးဆိုမှဖြင့် နေကပှုလို့ ရေစိမ်ချင် သီချင်းသံလေးတွေကလည်း မြူဆွယ်နေတော့ကာ။
မြန်မြန်သာ သင်္ကြန်ကိုရောက်ချင်လှပါပီဗျာ။
MSC 005
That Ko Zaw