ကျွန်ုပ်၏ရွာကသူငယ်ချင်းတစ်ယောက်သည်စီးပွားရေး
ကိုဝါသနာပါ၏ ကြီးပွားချင်စိတ်လည်းရှိလေသည်။
ထို့ကြောင့်သူနိုင်သမျှ ကုန်ရောင်းကုန်ဝယ်အလုပ်အား
လုပ်ကိုင်လေ၏။သို့သော်သူ့အဖို့မှာလုပ်ငန်းများကို
လုပ်ရာ၌အလွန်ကြောင့်ကြမှုရှိလေရာ သူကတွေ့တိုင်း
ပြောပြတိုင်ပင်တတ်လေသည်။ထိုအခါကျွနု်ပ်မှာကား
ဖတ်ဖူးသမျှ ကြုံဖူးသမျှတို့နှင့်သာ ပြန်လည်ဖြေကြား
ရသောကြောင့် သူခမျာအားရကျေနပ်သည်လည်း
ရှိသလို တုံးတိတိနှင့်မလုံလောက်သော လောဘကြီး
သည့်ကလေးငယ်ပမာ ရှိသောအခါလဲ ရှိလေသည်။
ထို့ကြောင့်စီးပွားရေးလုပ်ရာတွင် ကံ ဉာဏ် ဝီရိယတို့
နှင့် ပြည့်စုံပါမှ တိုးတက်နိုင်မည်ကို သူသိနှင့်ပေပြီ။
ထို့ထက် ရရှိလာသော အရင်းနှီးများကို မဖြုန်းပစ်ပဲ
ဆက်လက်ထပ်မံရင်းနှီးမြုပ်နှံနိုင်အောင်ကြိုးစားရမည်။
" ငွေတစ်သိန်းသည် သိန်းပေါင်းများစွာသောငွေများကို
မွေးဖွားပေးနိုင်သည် '' ထို့ကြောင့် ထိုငွေတစ်သိန်းကို
ရွှေဟင်္သာကြီးသည် တစ်နေ့လျှင်အတောင်ပံ တစ်ချောင်း
ပေးသည့်အခါ အားမရလို့လောဘတက်သွားကြသည့်
မိန်းမနှင့်သားသမီးများကဲ့သို့ရိုက်သတ်ပြီးအမွှေးနှုတ်
သည့်ပုံစံမျိုး မလုပ်သင့်ပေ။ကျွန်ုပ်၏ရွာ၌ ဦးလေးတစ်
ယောက်ပြောနေကျစကားဖြင့်တင်စားပြီးပြောရပါမူ
အမေကြီးကိုဂရုစိုက်မှပဲ သားသမီးတွေမွေးလာမှ ခိုင်း
စားရမယ် ဟူ၏ ၎င်းဦးလေးသည် လက်သမားတစ်
ယောက်ဖြစ်၏။သူ့၌ယခုလက်ရှိရေဘော်စက် လွန်စက်
စသည့်ခေတ်မီမော်တာသုံးပစ္စည်းများကိုပိုင်ဆိုင်သဖြင့်
ယခုလိုပြောခြင်းဖြစ်လေသည်။ငွေနှင့်လူမိုက်အတူ
မလိုက် ဆိုသည့်စကားသည်မှန်၏ ငွေကိုချစ်ခင်ပါမှ
ငွေကလည်းပြန်လည်ချစ်ခင်လေမည်။သူ့ကိုထိန်းထိန်း
သိမ်းသိမ်း သုံးစွဲတတ်မှသာလျှင် သို့မဟုတ် ဝင်လာ
သည့်ငွေနှင့် ထွက်သွားသည့်ငွေ နှိုင်းယှဉ်ရာ၌ ဝင်လာ
သည့်ငွေကများပြီးလျှင် ထွက်သွားမည့်ငွေကနည်းပါ
မူ ထိုငွေသည်မိမိကိုချစ်လာပေမည်။မိမိထံသို့သာအစဉ်
အမြဲလာရောက်ခစားမည်မှာအမှန်ဖြစ်ပေသည်။ထို့
ကြောင့် ငွေကိုမွေးစားနွားမကြီးတစ်ကောင်းကဲ့သို့
သဘောထားရမည်။ထိုမှသာ နို့ရည်လဲသောက်ရသလို
မွေးဘက်ရလာသော နွားပေါက်ကလေးများလဲတိုးပွား
လာလိမ့်မည်။ထို့ကဲ့သို့ဆင့်ပွားဆင့်ပွား မွေးဖွားခြင်း
ထပ်မံတိုးချဲ့ ခြင်း လိုအပ်သည့် နည်းပညာ အကြံဉာဏ်
စသည်တို့ပြည့်စုံစေရန် လုပ်ဆောင်နိုင်ရပါမည်။
ဆက်လက်ရေးသားပါအုံးမည်....
Image by google.com