ဆွေမျိုးကို လေအိုးပေးပြီး နှစ်သိမ့်လိုမရဘူး။
ငွေအိုးပေးနိုင်မှ ဆွေမျိုးက ချစ်ပြလိမ့်မယ်။
ငွေဒင်္ဂါးကို ထွေခင်းပြလိုက်
ကွေကွင်းမသွားပဲ စံမြန်းပြလိမ့်မယ်။
ရွှေနဲ့ငွေသာပြလိုက် ဆယ်ဝမ်းကွဲတော်နေပါစေ
တစ်ဖင်ထဲ မွေးထားသလို ချစ်ပြလိမ့်မယ်။
ငွေမရှာနိုင်လို့ကတော့ ပေတစ်ရာပေါ် ငွေအသပြာမပါပဲသေသွားကြည့် ငိုမယ့်သူ ရောက်မလာဘူး။
စုဆောင်းငွေမရှိလို့ကတော့ အိုဇာမပြောနဲ့ ငိုတာတောင်
မျက်ရည်ပေါနေလားလို့ လာမေးလိမ့်မယ်။
ထိုင်စားဖို့ နေနေသာ ငိုင်နေရင်တောင် အားနေလားလို့မေးသွားလိမ့်မယ်။
ကြည်ဖြူဖို့ အသာထားလိုက် ငြူစူရင်တောင် မျက်စောင်းက ထိုးချင်သေးတယ်။
ရွှေမရှိ ငွေမရှိရင် လမ်းပေါ်ရောက်သွားရင်တောင်
လှမ်းခေါ်ထားမယ့် သူမရှိဘူး။
ငွေမရှိရင် တစ်ခြားသူနဲ့ အူတိုဖို့မပြောနဲ့ 
လူပိုလို့သတ်မှတ်ပြီး တစ်နေ့ကို ၃ ကြိမ်လောက်
သင်္ချိုင်းကို မျက်စောင်းထိုးပြီး ပို့နေတာ
အဖြေရှာကြည့် သေရာထိ ငွေမရှိရင်
အကျွေးအမွေးတောင် တင့်တယ်အောင် မလုပ်ပေးဘူး။
ဘယ်လောက်ပဲ ထက်မြက်ပါစေ အထောက်ပံ့ မပေးလို့ကတော့ အသက်ရှိတယ်လို့တောင် မသတ်မှတ်ဘူး
မေတ္တာ သစ္စာတွေကို ခဏထားလိုက် ချစ်စရာ ငွေမရှိရင် မိသားစုထဲမှာတောင် လူရာမဝင်ဘူး။
ရွှေအကြောင်း ဖယောင်းသိသလို ငွေအကြောင်းသိချင် တယ် ဆိုရင် ဆွေမျိုးဘယ်လောက်ခင်သလဲ ပေါသလဲ
ဆိုတာနဲ့သာ တိုင်းကြည့်ပေတော့
ဆိုလိုချင်တာက ဆွေမျိုးအသိုင်းဝိုင်းထဲမှာ
လူရာဝင်ဆံ့စေဖို့အတွက်ဆိုရင် ဒီခေတ်ကြီးထဲမှာ ငွေရှာတတ်ဖို့လိုတယ်။
ငွေမရှာတတ်သူဟာ ဘာနဲ့တူသလဲဆိုတော့
ငုတ်တုတ်ထိုင်ပြီး အရှင်လတ်လတ် သေနေတာနဲ့ တူတယ်။
အခြွေအရံ ဆိုတာကလည်း သူခြွေနိုင်မှသာ ကိုယ့်ကိုယ်လာပြီး ရံထားတတ်တာမျိုးပါ။
ဒါကြောင့် ဆွေမျိုးတွေချစ်အောင်
ငွေရှာနည်းလေးတော့ သင်ထားကြပါ သူငယ်ချင်းတို့