ကျွန်တော်အကြိုက်ဆုံး သီချင်း (၅)ပုဒ်
(Original content written by atwayayay)
သီချင်းဆိုတာ လူသားတွေနဲ့ ကင်းကွာလို့ မရတဲ့ အရာတစ်ခုပါပဲ။တနည်းအားဖြင့်ပြောရရင် လူသားအားလုံးဟာ သီချင်း အမျိုးအစားများစွာထဲက အားလုံးမဟုတ်ရင်တောင် တချို့တဝက်ကိုတော့ နှစ်သက်ခုံမင်ကြတာတွေ့ရပါတယ်။
တစ်ချို့က Pop၊တချို့ကြပြန်တော့ Rock၊တချို့က Country၊Punk စသဖြင့်ပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ အကြိုက်ချင်း မတူညီနိုင်ကြပါဘူး။
ကျွန်တော်လည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် သီချင်းတွေကို ချစ်မြတ်နိုးပါတယ်။တခါတလေ စိတ်ညစ်တဲ့အခါ သီချင်းတွေဟာ ကျွန်ျတာ့အတွက် အကောင်းဆုံး နှစ်သိမ့်မှုပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ဦးလိုပါပဲ။တခါတလေ စိတ်ဓါတ်ကျတဲ့ အခါမျိုးမှာလည်း သီချင်းတွေဟာ ကျွန်တော့်ရဲ့ အားပေးဖော် မိတ်ဆွေတွေပါ။တခါတလေ ကျွန်တော်ပျင်းနေတဲ့အခါမျိုးမှာဆိုရင်လည်း သီချင်းတွေဟာ ကျွန်တော့်ကို ကြည်နှုးမှု၊လန်းဆန်းမှု၊ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ဒါ့ကြောင့် ကျွန်တော့အတွက်တော့ သီချင်းတွေဟာ အကောင်းဆုံး မိတ်ဆွေတွေလို့ ပြောလို့ရပါတယ်။
ဒီနေ့တော့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ သီချင်းလေး (၅)ပုဒ်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
၁။ယုံကြည်ရာ - လေးဖြူ
တေးရေး - သွန်းပူ
photo credit to image source.
ဒီသီချင်းလေးကတော့ ကျွန်တော်စိတ်ညစ်တဲ့အခါ၊စိတ်ဓါတ်ကျတဲ့အခါတိုင်း အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးပါ။
၂။ညနေမျက်ရည် - ဝေလ
photo credit to image source.
ဒီသီချင်းလေးကတော့ ရည်းစားဦးကို သတိရတဲ့အခါတိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။(အယ်လဲ့)
၃။ပြေးလမ်းဆုံး - ဇော်ဝင်းထွဋ်
photo credit to image source.
ဒီသီချင်းကတော့ စိတ်ထဲမှာ မွန်းကျပ်နေတဲ့ အခါမျိုးမှာ သီချင်းဖွင့်ပြီး ကျွန်တော်လည်း လိုက်ဆိုပစ်လိုက်ရင်း စိတ်ထွက်ပေါက်အဖြစ် ပေးတဲ့သီချင်းပါ။
၎။မျှော်လင့်ခြင်းလမင်း - မာရဇ္ဇ
photo credit to image source.
ဒီသီချင်းလေးကတော့ လက်ရှိကောင်မလေးကို သတိရတဲ့အချိန် နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။(အယ်လဲ့)
၅။ကြယ်တွေဆုံတဲ့ည - ထူးအိမ်သင်
photo credit to image source.
ဒီသီချင်းကတော့ ဘာရယ်ကြောင့်မှ မဟုတ်ဘူး။ကြိုက်လို့ကို အမြဲတမ်းလိုလို နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ဒီသီချင်းမှာ အဆိုတော် ထူးအိမ်သင်ရဲ့ အသံ၊ဆိုဟန်၊တေးသွား၊စာသား အားလုံးကို ကြိုက်နှစ်သက်ပါတယ်။
ဟုတ်ကဲ့။ဒီသီချင်းလေးတွေကို ဘော်ဒါတို့လည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ကျွန်တော့်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။
ချစ်ခြင်း ကုဋေကုဋာဖြင့်--------
author - atwayayay