photo credit to image source.
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ကျွန်တော်က မူဗီတွေ ကြိုက်နှစ်သက်တဲ့သူဆိုတော့ ဇာတ်ကားကောင်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
ဒီနေ့မျှဝေပေးချင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကတော့ The Scorpion King (2002) ပဲဖြစ်ပါတယ်။
Movie Trailer
ဒီဇာတ်ကားမှာ Dwayne Johnson(The Rock) အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ် ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။
တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာThe Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ
တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။
photo credit to image source.
စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီးလက်ကျန်စစ်သည်အနည်း ငယ်နဲ့အတူအာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီးနောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။
ကင်းမြီးကောက်ဘုရင် ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရားအာနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမကအနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုပြီးရက်စက် ကြမ်းကြုတ်သော စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။
photo credit to image source.
The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီး ကောက်ဘုရင်ကြီးရဲ့ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ကင်မြီး ကောက်ဘုရင်ကြီးဆိုပြီးအမည်တွင်လာခဲ့ရတဲ့ အကြောင်းရင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပါ။
photo credit to image source.
ခရက်ဒစ် တူ ချန်နယ်မြန်မာ
Author - ကိုရင်ချက်ကြီး
ဗွီဒီယိုကြည့်ရန်နှင့် ဒေါင်းလုတ်ဆွဲရန် Google Drive Link