အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ယခုပို့စ်တွင် ကျွန်တော်တင်ထားသော ပုံများသည် လုပ်ငန်းကိစ္စဖြင့် ခရီးသွားရင်း ရိုက်ခဲ့သော၊ ဓာတ်ဖမ်းမိခဲ့သော ပုံလေးများကို သူငယ်ချင်းများကို ပြည်လည်မျှဝေခြင်းဖြစ်ပါသည်။ ဒီအထဲမှ အချို့ပုံများ သည် ကျွန်တော်အရမ်း နှစ်သက်သဘောကျသော သဘာဝရှုခင်းပုံများကိုပါ ထည့်သွင်းထားပါသည်။ ယခု ဓာတ်ပုံများအားလုံးသည် ကိုယ်ပိုင် မူရင်း ပုံများဖြစ်သလို၊ သူငယ်ချင်းများအနေဖြင့် သဘောကျလျင် ဘုတ်ပေး နိုင်ကြောင်း ကြေငြာချင်ပါသည်။
ချင်းပြည်နယ်သို့တစ်ခေါက်
တစ်ခေါက်ဆို ဆိုသလောက် အရမ်း ပင်ပန်းခဲ့ရသော ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါသည်။ မိုးတွင်းပြီးခါစ အချိန်ဖြစ်သောကြောင့် လမ်းခရီးသည် အရမ်းကြီး မချောမွေ့ခဲ့ပါ။ ပုံတောင်ပုံညာကိုဖြတ်ကျော်သည့် အချိန် သည် လမ်းများအရမ်းဆိုးနေသော အချိန်ဖြစ်ပါသည်။ ကားများ ရွှံနွံများတွင် နစ်သည့်အခါများတွင် လူအင်အား၊ ပစ္စည်းအင်အားများဖြင့် တစ်နေရာသို့ ရွှေ့နိုင်အောင် အားလုံးပူးပေါင်းလုပ်ဆောင်၍ ချီတက်ခဲ့ကြသည်
အရမ်းကို သာယာအေးချမ်းသော ချင်းတို့ ပြည်နယ်ပါ၊ လှပတဲ့ တောပန်းလေးတွေ၊ တောင်တန်းတွေနဲ့ ငြိမ့်ငြိမ့်လေးစီးနေတဲ့ရေစီးသံကြားမှာ အေးချမ်းတဲ့ ချမ်းတို့နေထိုင်ရာ မြို့လေးတွေဆီသို့ ကျွန်တော်တို့ အလည်ရောက်ခဲ့ကြရပါသည်။
ချင်းပြည်ရောက်မှ မြင်ရသော၊ မြင်ရခဲလှသော တောင်ဇလပ်ပန်းတို့ ပွင့်ချိန် နှင့် ကြုံကြိုက်လို့ တောင်ဇလပ်ပန်း နဲ့ တောင်ဇလပ်ဝိုင် ကို မြည်းခဲ့ရပါသေးသည်။
တောင်စောင်းတစ်လျှောက် အိမ်များဆောက်ကာ နေထိုင်ကြရင်း သဘာဝရဲ့အရသာကို အပြည့်အ၀ ခံစားကြရသူများ ဖြစ်သည်။
မြူတွေဆိုင်းတဲ့ တောင်တန်းများနဲ့ မနက်အလင်းကို မျှော်ရင်း အေးအေးချမ်းချမ်း ချင်းတောင်တန်းကို ကျော်
ဖြတ်ရင်း . . .
!
လှပတဲ့ ညဆည်းဆာရဲ့သဘာဝအလှကိုလည်း သဘာဝကျကျခံစားကြရသည်။
အားပေးကြသော သူငယ်ချင်းအားလုံးကို steemit ပေါ်ကနေပြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါသည်။ ကျေးဇူးပါ။