1mb ကို 17ပြားနှုန်းဖြင့် အင်တာနက် အသုံးပြုခြင်း(original content by soegyipg)
မင်္ဂလာပါ ခင်ဗျ။
ဒီနေ့တော့ အင်တာနက်ကို ဈေးချိုချိုသုံးစွဲလို့ရမယ့်နည်းလမ်းလေးတစ်ခု ဖော်ပြပေးချင်ပါတယ်။
အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာတော့ ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။မြို့တွေမှာတော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ အပြိုင်အဆိုင် ဝန်ဆောင်မှုပေးနေတဲ့အတွက် မြို့သားတွေအတွက်တော့ အကောင်းဆုံး ဝန်ဆောင်မှုတွေ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့လို တောမှာနေတဲ့ တောသားတွေအတွက်တော့ မိုဘိုင်းဖုန်းအော်ပရေတာတွေက ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုကိုပဲ ဝယ်ယူသုံးစွဲနိုင်ခွင့်ရှိပါတယ်။မိုဘိုင်းဖုန်းအော်ပရေတာက ပေးတဲ့ အင်တာနက် ဝန်ဆောင်မှုဟာ limited data (ဒေတာပမာဏ ကန့်သတ်ချက်ရှိတဲ့)ဝန်ဆောင်မှု ဖြစ်ပါတယ်။ဆိုလိုတာကတော့ ကိုယ်သုံးသလောက် ကျသင့်ငွေပေးဆောင်ရပါတယ်။စိတ်ကြိုက်သုံးစွဲလို့ မရပါဘူး။စိတ်ရှိသလောက်သုံးစွဲရင်တောင် အိမ်တောင်ပေါင်ပေးရလောက်တဲ့ ဝန်ဆောင်မှုမျိုးဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့တောသားတွေနဲ့ လက်လှမ်းမီတဲ့ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေထဲကမှု ဈေးအချိုဆုံးဖြစ်မယ့် ဝန်ဆောင်မှုကို ရွေးချယ်သုံးစွဲဖို့ လိုအပ်လာပါတယ်။
ဒီနေ့တော့ ကျွန်တော် အခု ဒီပို့စ်ရေးတဲ့နေ့ (6.8.2018)အထိ ဈေးအသက်သာဆုံးနဲ့ အငါတာနက် သုံးစွဲနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီနေ့အချိန်မှာတော့ ဈေးအသက်သာဆုံး မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုကို ပေးနေတဲ့ အော်ပရေတာကတော့ Mytel ပဲဖြစ်ပါတယ်။
မိုဘိုင်းအင်တာနက်ကို ဈေးအသက်သာဆုံး (1mb=17ပြား,1gb=170ကျပ်နှုန်း)နဲ့ သုံးစွဲနိုင်ဖို့အတွက် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
Mytel Sim Card အသစ်များကို တစ်ကဒ်လျှင် 250 ကျပ်နှုန်းနဲ့ ကတ် 30 ဝယ်ယူလိုက်ပါ။7500ကျပ် ကုန်ကျပါမယ်။
Mytel Sim Card အသစ်ဟာ Welcome Bonus အနေနဲ့ တစ်လကို data 500 mb နဲ့ on net call 50 မိနစ် နှုန်းနဲ့ သုံးလဆက်တိုက် လက်ဆောင်ပေးပါတယ်။
ဒါ့ကြောင့် Mytel sim card တစ်ကတ် (250ကျပ်)အတွက် စုစုပေါင်း data 1.5gb နဲ့ on net call 150 မိနစ် လက်ဆောင်ရပါလိမ့်မယ်။ဒါ့ကြောင့် data 1mbဟာ 17ပြား၊data 1gb ဟာ 170 ကျပ်ပဲကျသင့်ပါတော့မယ်။
တကယ်လို့ မိတ်ဆွေဟာ Mytel Sim Card 30 ကို 7500ကျပ်နဲ့ ဝယ်ယူလိုက်မယ်ဆိုရင် တစ်ရက်ကို အင်တာနက် 500mb နှုန်းနဲ့ ရက်ပေါင်း 90 တိတိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Mytel Sim Card တွေကိုတော့ မန္တလေးမြို့မှာ ''မြယွန်းဘုံ'' နဲ့ ''Power Mobile Centre'' တို့မှာ လက်ကားဈေး 250 ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
အားလုံးပဲ ကျမ်းမာချမ်းသာလန်းဖြာနိုင်ကြပါစေဗျား။
Author - soegyipg