အိမ်နေရင်းလေး
ထပ်တူမကျသော စိတ်ကူးနဲ့လက်တွေ့
🌸 ဖြတ်သန်းချင်မိတာက
နင်နဲ့အတူငါ့ရဲ့
အလင်းလက်ဆုံး အနာဂတ်နေ့ရက်တွေ
ဖြတ်သန်းနေရတာက
နင်မပါတဲ့ အမှောင်မိုက်ဆုံး
အထီးကျန်ညတွေ
နင်အပေါ်ဖြစ်တည်လာတဲ့
ငါ့ရဲ့အချစ်စိတ်တွေ
မွှန်ထူလာခဲ့ပေမဲ့လည်း
နောက်ဆက်တွဲ အလွမ်းဘာသာကိုတော့
ငါမကိုးကွယ်နိုင်သေး
မနီးစပ်ပေမယ့်လည်း
ဝေးရမှာတော့ ကြောက်နေမိတယ်
ငါ့စိတ်ထဲမှာတော့ နင်အမြဲတမ်း
နေရာယူထားတယ်
ကောင်မလေးရယ် 🌼🌼🌼