ဒီနေ့အတွက် ဓါတ်ဖမ်းထားတာလေးပါ ပန်းကြိုက်သူလဲ မဟုတ်သလို
ပန်းချစ်သူလဲမဟုတ်ပါဘူးဗျာ ဒီလူက ဘယ့်နှယ် ဒီပုံတွေတင်နေတယ်ဆိုပြီး
တစ်မျိုး နှစ်မျိုးထင်နေမှာစိုးလို့ပါ အမှန်ကတော့ တရားခံအစစ်ကတော့
စတီးမစ်ကြောင့်ပါဗျာ သွားလေရာရောက်လေရာမှာ ကုန်ကြမ်းလေးတွေ
ဖေါ်ယူရတာပေါ့ ဒီပန်းရုံလေးကို သဘောကျလို့ရိုက်လာတာလေ
ရိုက်နေတုန်းမှာ လမ်းသွားလမ်းလာတွေက ပြူးတူးပြဲတဲ ကြည့်ကြလေသတည်း
ရှေ့မျက်နှာနောက်ထားပြီး ရုပ်တည်ကြီးနဲ့ လှည့်ပါတ်ပြီးဆွဲတာပါဘဲ
ရိုက်ပြီးကာမှ ပန်းနာမည်မသိလို့ အနားကဖြတ်လျှောက်လာတဲ့
အန်တီကြီးတစ်ယောက်ကို အားကိုးတကြီးမေးလိုက်ရတယ်
သူပြောတာက ဒါခေါင်းလောင်းပန်းလေတဲ့ အိမ်မှာစိုက်ထားရင်
ကျက်သရေတိုးစေတယ်တဲ့ ကိုယ့်အတွက်တော့ စတင်းပါဝါတိုးအောင်
ဒီပုံလေးတွေ အဆောင်အဖြစ်တင်လိုက်ပြီပေါ့ဗျာ တစ်ချက်ခုတ် အချက်ပေါင်းများစွာပြတ်လေရော့
ပိုစ့်လဲတင် အဆောင်လည်းဖြစ် ဘုတ်လဲရ အက်ဘီဒီစတင်းတွေလဲတိုး