ကိုယ်သွားချင်ရာ လိုအပ်သာနေရာဒေသသို့ လမ်းနှစ်သွယ်ရှိပေတော့သည်။ ရေလမ်း နှင့် ကုန်းလမ်းများဖြစ်ပေသည်။ မြစ်ချောင်းအင်းအိုင် ဒေသတွေမယ် ကုန်းလမ်းနှင့်သွားမရပေ။ သို့ပါသောကြောင် လှေစက်လှေ သင်္ဘောများဖြင့် သွားရပေတော့သည်။
ကုန်းလမ်းကတော့ ကားတွေအကြီးအသေးများလို့ ဆိုင်ကယ်ဖြင့်ဖြစ်စေ အဆင်ပြပေတော့သည်။ ခြေလျင်သွားနိုင်ပါလျင် ကျန်းမာရေးနှင့်ညီညွတ်ပေတော့သည်။
တခါတစ်လေမယ် ခရီးသွားရတာကလည်း ဗဟုသုတ များ ဓါတ်ပုံများရိုက်လို့ ပျော်စရာလည်းကောင်းပေလေတော့သည်။
steemit မယ် post တင်လိုက် ခံစားမှူလေး ရေးလိုက် photoလေးတင်လိုက်နဲ့ အားတဲ့အချိန်မယ် အကျိုးရှိစေလေတော့သည်။ steemit မယ် အောင်မြင်သည်ဖြစ်စေ မအောင်မြင်လည်း စိတ်မညစ်တတ်ပေ။ ဝါသနာပါတာ လက်တွေ့ လုပ်ရလို့ စိတ်ကိုတော့ ခံစားမှုသက်သာစေတာအမှန်ပေ။
ကိုယ်ယုံကြည်ရာ ကိုယ်လုပ် ကိုဝါသနာပါတာဦးစားပေး ရလိုမှုက နောက်ကွယ်က အော်တိုပါလာမည်မဟုတ်လား။ မိတ်ဆွေများဖို့ထက် ခင်မင်သော စိတ်တူကိုယ်တူများနှင့်သာ ပေါင်းသင်းများလာလျင် ဘယ်အလုပ်လုပ်ပါ အဆင်ပြေပြီး အမှားနည်းလာမည်လို ခိုင်မာစွာယုံကြည်ထားမှုကလည်း အောင်မြင်ဖို့ လမ်းစဟုတ်ပေတော့သည်။
ရေလမ်းက လှိုင်းဒဏ်ကို အချိန်ကုန်ခံသည်းခံစီးပြီး သွာလာတော့လည်း ကိုယ်လိုသော ခရီးတော့ များမကြာမှီရောက်ပေမည်မဟုတ်လား။ စိတ်မညစ်ဖို့ ဝရိယထားပြီး အချိန်မှီ သွားနိုင်မှ မကြာမှီရောက်ပေလေတော့သည်။
ကုန်းလမ်းကလည်း လမ်းကြမ်းကြမ်း ချောချော ကိုယ်လိုရာကို အရောက်ပို့နိုင်သော အောင်မြင်မှုလမ်းများ ဖြစ်ပေလေတော့သည်။
လူ့ဘဝဟာလည်း ရွေးချယ်တတ်ဖို့ အထူးလိုအပ်ပေလိမ့်မည်။ ရွေးချယ်ခွင့်မရှိသူဟာ အလုပ်များများ မလုပ်ကြသေးလို့ပါ။
တကယ်အလုပ် လုပ်လာပါလျင် ရွေးချယ်စရာ များလာပေတော့သည်။ အောင်မြင်ဖို့အတွက် အဓိကက တော့
ကျွမ်းကျင်အောင် လေ့လာဆီးဘူးပါ
ကိုယ်ရွေးချယ်မှု အမှားနည်းပြီး အောင်မြင်ဖို့လိုအပ်ပေသည်။
steemit မယ် post များများတင်ပါလေ။
*copy တော့ရှောင်ကြပါလေ
- ရေးတတ်သလို ရေး
တစ်နေ့နေ့ အောင်မြင်လာမည်မှာ 100% ဖြစ်ပေလေတော့သည်။