မင်္ဂလာပါ
ဒီနေ့တော့ မာလကာပင် ကိုင်းပေါ်မှာ လာနားနေတဲ့ 🐦
ငှက်ကလေး တစ်ကောင်ကို ချောင်းရိုက်လိုက်တဲ့ အကြောင်း
ပြောပြပါမယ်။
ကိုယ်တိုင် ချောင်းရိုက်တာတော့ မဟုတ်ပါဘူး။ ရွာက
ခယ်မ ချောင်းရိုက် ပေးပို့လိုက်တာပါ။
ချောင်းရိုက် ဆိုလို့ ငှက်ကလေး ကို တုတ် ဖြင့် ရိုက်တယ်
မထင်ပါနဲ့နော်။ ဖုန်းကင်မရာ ဖြင့် ရိုက်ယူတာပါဗျ။
ပုံ ထဲမှာ ကြည့်ရတာတော့ စာကလေး ထင်ပါတယ်။
ရွာမှာ စာကလေး တွေတော့ ရှိကြပါသေးတယ်။
ကျွန်တော် ရွာမှာ ရှိစဉ် ကတော့ သလဲသီးပင် ပေါ်
ငှက်ဝါလေး လာနားတာ မြင်ဖူးပါတယ်။ ဓာတ်ပုံ ရိုက်ဖို့
ကြံစည်နေချိန်မှာ ပျံပြေးသွားလို့ 🐦ငှက်ဝါ လှလှလေး
ကို ပို့စ်မတင်နိုင် ခဲ့ပါဘူး။
ခုတော့လည်း ခယ်မ ရဲ့ လျှင်မှုနဲ့ ကျွန်တော် တစ်ယောက်
ငှက်ကလေး ပုံ ဖြင့် ပို့စ်တင်လို့ ရပါပြီ။
ဒါနဲ့ စကားစပ်လို့သာပဲ ငှက်ကလေးတွေ လို လေမှာ ပျံဝဲ
ပျော်နေချင်လိုက်တာဗျာ။
ဪ Social Media ပေါ် စာရေး ပုံ ဖြင့် ပို့စ်
တင်ဖို့ကလည်း အတော် အားစိုက် အာရုံစိုက် အချိန်ပေး
ရပေသည်ကိုး။