မင်္ဂလာပါ မိတ်ဆွေတို့ရေ
❤️နှလုံး စိတ် ဝမ်း ငြိမ်းချမ်း သာယာ ရှိကြပါစေ ဟု
ပဏာမ နှုတ်ခွန်း ဆတ် ဆုတောင်း လိုက်ရပါတယ်။
ဟိုတစ်နေ့က ညောင်ကုန်းရွာ သို့ လူနာကြည့် သွားခဲ့ရာ
လမ်းတစ်ဝက် တောရကျောင်း တစ်ခု အနားက
ဖြတ်သွားတော့ ကျောင်းဝန်းထဲရှိ စေတီတော်များကို
ထန်းပင်တွေ ကြားမှ ဖူးမြော်လိုက်ရပါတယ်။
ဒါနဲ့ပဲ အမှတ်တရ ပုံရိုက် ယူခဲ့လိုက်ပါတယ်။
The Pagodas Among Palm Forest
ထန်းတောကြားက စေတီများ ဟု အမည်ပေးပြီး
ခုလို ပို့စ် စာရေး တင်လိုက်ရပါတယ်။
ထန်းတောကြားက စေတီများ ဆိုပေမယ့် ထန်းပင်တွေ
က ဘုန်းကြီးကျောင်း ဘုရားဝန်း ထဲမှာ ပေါက်နေတာပါ။
ကျောင်းဝင်း အတွင်းမှာ ဆိုရင်တော့ စေတီများကို
ရှင်းရှင်းလင်းလင်း ဖူးမြော်ရနိုင်ပေမယ့် ခုဟာက
ကျောင်းဝင်း နောက်ကျော အပြင်ဘက်မှ ဖူးမြော်
ကုသိုလ်ယူခဲ့တာမို့ ထန်းပင်တွေကြား ဖြစ်နေတာပါ။
ဒါဟာလည်း အမြင် တစ်မျိုး ဆန်းသစ် စေသည်မို့
အခုလို ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝ ပို့စ်တင်ပြီး
မျှဝေလိုက်ရတာပါ။