၄၁
မိုရေးဗီးယား၏ ဝတ္ထုတိုလေးဆယ်
စိတ်ဆင်းရဲမှုက အဲဒါတွေနဲ့ ဘာမှမဆိုင်ဘူး၊ ဒီပစ္စည်းတွေနဲ့ မင်းနဲ့ကြားမှာ
ဘာမှ ဆက်စပ်မှုမရှိဘူး၊ ပိုင်ဆိုင်မှုအနေနဲ့တော့ ဆက်စပ်မှု ရှိတယ်။ ဒါပေမဲ့
ဒါက အကြောင်းမဟုတ်လှဘူး။ ကိုယ်ပြောတဲ့ အဓိပ္ပာယ်ကို ပိုပြီးရှင်းအောင်
ပြောရရင် မင်းဟာ ဆေးတံတစ်ချောင်းနဲ့ အင်္ကျီတစ်ထည်နေရာမှာ သက်ရှိ
ဖြစ်တဲ့ ခွေးတစ်ကောင်၊ ဒါမှမဟုတ် ကြောင်တစ်ကောင်၊ ဒါမှမဟုတ် ကလေး
တစ်ယောက်အပေါ်မှာ မင်းရဲ့ စိတ်ဆင်းရဲမှုကို ပုံချလို့ မရဘူး။ ဥပမာပေး
ပြောရရင် ကိုယ့်အပေါ်မှာ ပုံချမရသလိုပဲ။ အဲဒီတော့ မင်းပြောတဲ့စကား
ဘယ်လိုမှ ဆီလျော်မှု မရှိဘူး”
အယ်ဗီရာက သူ့ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။ ပြီးတော့