ဦးဆိုတာ.......
•အသက်က ၄၀ အထက် ဖြစ်ရမယ်
• အရပ်က အနည်းဆုံး ၅ ပေ ၆ လက်မ ၊
ကိုယ်လုံးတောင့်တောင့်နဲ့ ဗိုက်ကလေးလဲ နည်းနည်းဖြစ်ဖြစ် ထွက်နေရမယ်
• ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်စီးပွားရေး (သို့) အလုပ်တခုခုရှိနေရမယ်
• ဆံပင်အနက်ရောင်ကိုမှ အဖြူ တချို့တဝက်ရောရင်ရောမယ် သပ်သပ်ရပ်ရပ် ညှပ်ထားရမယ်. အပေါစားအရောင်တွေ မဆိုးရဘူး
• အဝတ်အစား ကို သပ်သပ်ရပ်ရပ်ဝတ်တတ်ပြီး၊
တီရှပ်နဲ့ဘောင်းဘီတိုဝတ်ရင်တောင် ကလက်တက်တက် အရွယ်ဖြစ်မနေရဘူး။
ပုဆိုး (သို့) စတိုင်ပင်နဲ့ ရှပ်အင်္ကျီကို စမတ်ကျကျဝတ်ရင်
ကြွေဆင်းနေရမယ်
• စကားပြောရင် တည်တည်တံ့တံ့နဲ့ လေသံကအစ
ပြတ်သားတည်ကြည်နေရမယ်
• အများကြီးဆူစရာမလို "ဦး" မကြိုက်ဘူးနော်ဆိုတာနဲ့ အရာအားလုံးအငြိမ်း
• ဦး စကားဆို မြေဝယ်မကျနားထောင်ချင်စရာ
ဖြစ်နေရမယ်
• တည်ကြည်မှု၊ ဆွဲဆောင်မူ ၊ ပြတ်သားမှု တွေနဲ့
" ဦး"ဆိုတာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိရမယ်
• ဦး မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင် မနေတတ်မထိုင်တတ်
တာနဲ့တင် ရူးသွားရမယ်
တကယ်တော့ ' ဦး ' ဆိုတာ . .
ဥာဏ်ပညာ၊ အတွေ့အကြုံ၊ အနေအထိုင်၊ အလုပ်အကိုင် ဘာဆိုဘာမှ လိုအပ်ချက်ဆိုတာမရှိတဲ့ တည်ငြိမ်နေပြီ
ဖြစ်ပေမယ့် အချစ်ကြီးတတ်ကြတဲ့သူတွေပါလေ......