သောကြာကြယ်ကို လွမ်းလို့ ရေးတဲ့စာ
ကိုယ့်ချစ်ခြင်းကြောင့် သူပင်ပန်းတဲ့အခါ ကိုယ့်ကိုယ်ကို နှစ်ဆပြန်မုန်းမိတယ် ။
ကိုယ့်မေတ္တာတွေကြောင့် သူအနေခက်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်ပေးမိတယ် ။
ကံတရားရယ် သူ့အကြင်နာတွေစီးဆင်းတဲ့ဘက်မှာ ဘာလို့ လူမဖြစ်ခဲ့တာလဲလို့ အကြိမ်ကြိမ်မေးခွန်းထုတ်မိတယ် ။
သူချစ်ကိုလက်ခံဖို့ ကိုယ်ချစ်ရတဲ့သူ ဘဝထဲက ထုတ်ပစ်ဖို့ လိုအပ်တဲ့အခါ ကိုယ်ဟာ ရှင်ရက်နဲ့ သေနိုင်တယ် ။
ဟင့်အင်း .. ကိုယ် ခေါင်းကိုခါယမ်းလိုက်တယ် ..
ဒဏ်ရာတွေကြား အသားကျနေတဲ့ နှလုံးသားဟာ ပျော်ရွှင်ခြင်းကို မတပ်မက်တော့ပြီမို့ ..
ကိုယ့်ကိုချစ်တဲ့လူကို ဥပက္ခာပြုရင်း ကိုယ်ချစ်ရသူဆီက လျစ်လျူရှု့ မှုတွေကို ကျေနပ်စွာခံယူမယ် ။
ဒီဘဝမှာ မင်းကလွဲရင် ဘယ်သူဆီက အကြင်နာကိုမှ
မလိုအပ်ခဲ့ပါ .. ဒါကိုလည်း သူမသိတတ်ခဲ့ မမြင်တတ်ခဲ့ပါ ။
နောက်ပြီး .. သူ ဘယ်တုန်းကမှ မသိချင်ခဲ့ပါ…