Android မှာ moneyfarm best Apps
သင့်ရဲ့ စမတ်ဖုန်းဟာ ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းများအတွက် ငွေကြေးကုန်ကျစေတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ စမတ်ဖုန်းကနေ ငွေရှာနိုင်တယ်ဆိုတာကိုတော့ သိတဲ့ လူ နည်းပါးပါတယ်။ Google Play Store မှာ ငွေရှာပေးနိုင်တဲ့ App များစွာ ရှိတဲ့ အထဲကမှ အကောင်းဆုံးများကို ဖော်ပြပေးလိုက်ပါတယ်။
1*Google Opinion Rewards
သင့်အတွက် ငွေရှာပေးမယ့် Google ရဲ့ App တစ်ခုက Google Opinion Rewards ဖြစ်ပါတယ်။ သူ့မှာ စစ်တမ်းများကို ဖြေဆိုပေးရုံနဲ့ Google Play Credit ကို ရရှိနိုင်ပါတယ်။ စစ်တမ်းအသစ်တစ်ခု ရောက်လာတာနဲ့ သင့်ကို Notification ပေးပို့မှာပါ။ အချိန် ခဏပေးရုံနဲ့ စစ်တမ်းများကို ဖြေဆိုနိုင်ပါတယ်။ စစ်တမ်း ဖြေဆိုလို့ ရလာတဲ့ Play Store Credit ဖြင့် Play Store မှာ Apps, Music နဲ့ အခြား အရာများကို ၀ယ်ယူနိုင်ပါတယ်။ စစ်တမ်း အများစုဟာ အချိန်ကန့်သတ်ချက်ရှိတဲ့အတွက် အချိန်သိပ်မဆွဲဖို့ အကြံပေးလိုက်ပါတယ်။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dcom.google.android.apps.paidtasks%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
2*.pinion
PiniOn မှာ Service, Brands, Products များနဲ့ ပတ်သက်တဲ့ သဘောထားများကို ဖြေဆိုခြင်းဖြင့် ၀င်ငွေရရှိနိုင်ပါတယ်။ အလုပ်များကို လျှင်မြန် လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်များ လုပ်ဆောင်လေလေ၊ သင့်အတွက် အလုပ်များပိုမို ရရှိလေလေ ဖြစ်ပါတယ်။ ရရှိတဲ့ ငွေကြေးများကို သင့်ရဲ့ ဘဏ်အကောင့် သို့မဟုတ် PayPal အကောင့်သို့ လွှဲပြောင်းနိုင်ပါတယ်။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dbr.com.pinion%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
3*freelancer
Freelancer ကတော့ မိနစ်ပိုင်းအတွင်း ငွေရှာနိုင်မယ့် App မဟုတ်ပါဘူး။ သင့်မှာ ကျွမ်းကျင်မှု တစ်ခု ရှိရမှာ ဖြစ်ပြီး Freelance Jobs များကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များရဲ့ စီမံကိန်းများကို ပြီးစီးအောင် လုပ်ပေးမယ့် အချိန်နဲ့ တကွ သင့်ရဲ့ ကျွမ်းကျင်မှုကို တင်ပြ၍ အလုပ်လျှောက်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရင်တော့ သင့်ကို ငှားရမ်းမှာပါ။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dcom.freelancer.android.messenger%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
4*Mintcoins
MintCoins မှာ Apps များကို ဒေါင်းလုပ်လုပ်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်း၊ ၀က်ဆိုက်များမှာ အကောင့်လုပ်ခြင်း၊ စစ်တမ်းများ ဖြေခြင်း၊ သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းဖြင့် ငွေရှာနိုင်ပါတယ်။ 1doller ပြည့်တာနဲ့ သင့်ရဲ့ PayPal အကောင့်ထံ လွှဲပြောင်းနိုင်ပါတယ်။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dcom.mindfreelabs.mintcoins%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
5*AppCasher
AppCasher မှာ Apps များကို အင်စတောလုပ်ခြင်း၊ အသုံးပြုခြင်းဖြင့် အမှတ်များ ရနိုင်ပါတယ်။ အမှတ်များကို Gift Cards အဖြစ် ပြောင်းလဲနိုင်ပြီး Amazon , iTunes တို့မှာ ကုန်ပစ္စည်းများ ၀ယ်ယူနိုင်ပါတယ်။ အဲဒီအစား ငွေသားများကို ရယူဖို့ ရွေးချယ်နိုင်ပြီး သင့် PayPal အကောင့်ထံ လွှဲပြောင်းနိုင်ပါတယ်။ သင့်ရဲ့ Special Code ကို အသုံးပြုစေ၍ သင့်သူငယ်ချင်းများက AppCasher မှာ အကောင့် ပြုလုပ်ရင် သင်က အမှတ်များ ရနိုင်ပါတယ်။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dcom.appcasher3%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
6*Foap
Foap က သင့် ဓါတ်ပုံများကနေ ငွေရှာပေးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်များနဲ့ ပြည့်စုံတဲ့ ဓါတ်ပုံများကို သင်က Foap မှာ Upload ပြုလုပ်၍ ရောင်းချနိုင်ပါတယ်။ 5dollerရတာနဲ့ moneyကို ထုတ်ယူနိုင်ပါတယ်။
http://androidpit-com.digidip.net/visit?url=https%3A%2F%2Fplay.google.com%2Fstore%2Fapps%2Fdetails%3Fid%3Dcom.appcasher3%26referrer%3Dutm_source%253DAndroidPIT%2526utm_medium%253DAndroidPIT%2526utm_campaign%253DAndroidPIT&ppref=https%3A%2F%2Fwww.androidpit.com%2F
7*Cashpirate
CashPirate မှာ စစ်တမ်းများ ဖြေခြင်း၊ ဂိမ်းကစားခြင်း၊ အခြား သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းဖြင့် အမှတ်များ ရရှိပါတယ်။ အမှတ် 1000 လျှင် 1 dollerနဲ့ လဲလှယ်နိုင်ပါတယ်။ ရလာတဲ့ ငွေကြေးများဖြင် Play Store မှာ ၀ယ်ယူနိုင်သလို သင့် PayPal အကောင့်ထံ လွှဲနိုင်ပါတယ်။