ပျော်ချင်ရင်လာပါ ခေါ်ပါတယ်
ဘယ်ဆီကိုသွားလည်း အတူခေါ်ပါ့မယ်
ကြင်နာသူရေ လာပါခေါ်ပါတယ်
ပင်လယ်ရေအောက် သွားမယ်
ပျော်ချင်ရင်လာပါကွယ် ခေါ်ပါတယ်
တိမ်ယံတွေ ပေါ် လျှောက်ကာပုန်းမယ်
ပျော်ချင်ရင်လာလေ ခေါ်ပါ့မယ်
အကြင်နာဆုံးအသက်ရေ ပျော်ရွှင်ကြည်နူးလို့
အားမရနိုင်ပါတယ်
ကိုယ်ကသာခေါ်နေမိတာလေ
လိုက်ချင်သူမှ မရှိတယ်
အော် ကိုယ်ခေါ်ရာအရပ်ကလည်း
ဘယ်သူက လိုက်ချင်ပါ့မလည်း
ဈေးဝယ်ထွက်မယ်လို့ ခေါ်ရင်တော့
လိုက်လာမယ်လားလို့ဘဲ
နေကပူ လေကပူ အတွေးတွေလည်း
ပူလောင် အိုက်စပ်လို့နေခဲ့ပြီ
အသည်းကွဲတဲ့ ဇတ်လမ်းတစ်ပုဒ်
နားမထောင် ချင်တော့ဘူး
အဖြေကို ရျာချင်ရင်ရှာပါ
အမှန်အမှားတော့ မရွေးချယ်တော့နဲ့
အားလုံးက သူစိမ်းတွေဘဲ
ဒဏ်ရာတွေကမပြောင်းလဲတော့ပါဘူး
ဟောဒီလို ပူလောင်နေတဲ့ နေ့တစ်ရက်စာ
အေးချမ်းတဲ့ နေရာလေးတစ်ခု
ဘယ်သူ့ကိုမှမခေါ်ဘဲ အရောက်သွားမယ်
စိတ်ငြိမ်ပြီး အနှောက်အယှက်ကင်းရာပေါ့
ဒီတစ်နေ့အတွက် စာတစ်ပုဒ်ဖြစ်မြောက်အောင်
ရေးခွင့်လေးတော့ ရချင်တယ်လေ