ကျွန်မမှာ ဟာသဥာဏ်ရှိတယ်။
ဒါ့ကြောင့်လည်း မြင်မြင်သမျှ ဟာသဖြစ်ခဲ့ရတယ်
ဒုက္ခကိုလည်း ဟာသအဖြစ်ပြောင်းနိုင်စွမ်းရှိတယ်
မချိပြုံးလို့ပဲ ဆိုရမလား!
ကိုယ်ဒုက္ခရောက်တဲ့အချိန် ကိုယ့်ကိုကိုယ်
ဟားတိုက်ခဲ့မိတာ ဒီဟာသဥာဏ်လေးကြောင့်ပါ။
သူများဒုက္ခရောက်တဲ့အချိန် ပြုံးရယ်မိတာလည်း
ဒီဟာသဥာဏ်လေးကြောင့်ပါပဲ
ဒါပေမယ့် မတူဘူး
လုံးဝမတူဘူး
ဟားတိုက်ခံရတဲ့သူက
သူ့ကို စော်ကားတယ်ထင်ပြီး
ကျိန်ဆဲသလိုလိုနဲ့ ကျိန်စာတိုက်ခဲ့တယ်။
ခုတော့ အဲ့ဒီကျိန်စာတွေမိနေပါပြီ
နောက်ဆို မည်သူ့ကိုမျှ မဟားမိအောင်
ကိုယ့်ဟာသဥာဏ်လေးကို သော့ခတ်သိမ်းခဲ့တယ်
ငါဟာ အခုဆို စက်ရုပ်လူသား။ ။
Photo from Google