အိမ်မက်သခင်
ကာရံမဲ့ ငါ့နှလုံးသားကို
အရောင်ဆိုးလို့
တေးသံသာသာ
ချို သာလှတဲ့ မင်းအပြောများ
စွဲမက်လိုနေ
ကိုယ်ဟန်ကျော့ရှင်း
မင်းအဆင်း
ရင်မှာခိုဝင်နားလို့
မင်းပုံရိပ်ကို
မေ့ဖျောက်ပစ်ဖို့
နတ္ထိစွမ်းအား....။
စိတ်၏စေရာ
အချိန်တိုင်းဝယ်
မင်းပုံရိပ်ကို
မြင်ယောင်လို့နေသည်
အိမ်မက်သခင်....။
By,
November Tun