စိတ်ဓာတ်ကျတိုင်း ပြန်ကောက်ပါ
ဖိနပ်မရှိတိုင်း ငိုနေမိရင်
ခြေထောက်မပါတဲ့သူကို သတိရပါ
အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ
လင်မယားနှစ်ယောက်ကြား စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့ သူတွေကို ပြေးမြင်လိုက်ပါ
လောကမှာ ငါ ပဲကံဆိုးနေတာလားတွေးမိရင်
ကမ္ဘာပေါ်က ဒုက္ခရောက်နေတဲ့
လူတွေကို ပြေးမြင်လိုက်ပါ
ချစ်သူက စွန့်ပြစ်လို့အသဲကွဲမိရင်
အစွန့်ပစ်ခံရသော မိဘမဲ့ ကလေများ၏
ဝေဒနာကို ခံစားကြည့်ပါ
အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေမိရင်
အလုပ်လက်မဲ့ဖြစ်နေသော လူတွေကိုသတိရလိုက်ပါ
စက်ဘီးစီးနေရတဲ့ဘဝကိုစိတ်ညစ်မိရင်
လမ်းလျှောက်နေရသူတွေကို သတိထားကြည့်လိုက်ပါ
စိတ်ဆိုတာ လူသားတိုင်းရဲ့ပင်စည်ပါ
စိတ်ဆိုတဲ့ အရာကြီး ပြိုလဲ သွားတာနဲ့
ဘဝဆိုတဲ့ သစ်ပင်ကြီး ကျိုးပဲ့ပျက်စီးသွားပါလေ့မယ်
ငွေ ၁၀၀၀ ကျပ်ပြုတ်ကျလို့ပြန်ကောက်ခဲ့ရင်
တန်ဖိုးဖြတ်မရတဲ့ ကိုယ့်စိတ်ကို
အမြန်ဆုံးပြန်ကောက်တင်ပြီး
လူသစ် စိတ်သစ်နဲ့ ဘဝသစ်ကို ပြန်စပါလို့
အားပေးစကားပြောပါရစေ ။
.