ရေလှိုင်းတွေအောက်
ကွေ့ကာကောက်လဲ
လှိုင်းတံပိုးတွေကြီး
မြှူစွယ်သလိုအသံပေး
မင်းခေါ်ချင်တာခေါ်
မျှော်ငေးသူမရှိလဲ
ရေလွှာပေါ်လျှောစီးမယ်
အော်ငါ့အိပ်ရာအောက်
ရေတွေဝင်နေပါပေါ့လား
ညအခါရေဆာရင်သောက်ဖို့
ယူကာထားတဲ့ ရေသန့်ဗူး
အဖုံးရယ်မလုံပွင့်နေပေါ့
စိုကာလေရွဲပြီပေါ့
တစ်မျိုးရယ်မထင်စေလို
စိုစိုသာနေထုတ်လှန်း
ရှက်ရမ်းရမ်းပေါ့
Author :
Photos credit; Google Image