အနေဝေးသွားတော့လည်းလေ
ရင်ခုန်တာတွေများ ကျဲသွားမလား
ဒါမှမဟုတ် ရပ်တန့်သွားမလား
တွေးမရပါဘူး ဘယ်လိုမှပေါ့
အနေမဝေးလဲ ရပ်တန့်နေတာ
ရင်မခုန်တော့တာတွေက
ဘာလို့လဲ ရိုးသွားတာလား
လွယ်လွယ်လေးရလို့များလား
အလွယ်ကြိုက်တာဘဲလား
ဘယ်လိုဖြစ်နေပါစေ
စိတ်ထဲက ရိုးသားမှုမရှိရင်တော့
သေချာပါတယ် ဘယ်လိုမှ
ရင်ခုန်နေဦးမယ်မထင်ဘူး
လူတွေက ညာနေတာပါ
အချစ်ကို လူတွေက ကစားနေတာ
လိုချင်တာလေးရဖို့
မုသားစကားတွေ ထည်လဲသုံးနေတာပါ
အားလုံးက တကယ်တော့
လှည့်စားနေကြတာလေ
အားလုံးအတူတူပါဘဲ
တကယ်မလွယ်တဲ့လူတွေပါ