--*#နင်ကြေနပ်ပါချစ်သူ
ငါ့မာနတွေ ခဝါချလို့
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါ့လွမ်းခြင်းတွေ ပမာပြလို့
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါ့စိတ်ကူးတွေ အပိုင်စားပေးလို့
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါ့အတွေးတွေ နင့်နားထားလို့
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါ့အိမ်မက်တွေ အပိုင်ပေးလို့
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါ့မျက်ရည်တွေ နင်ခြေဆေးဘို့ ပေးပြီး
ချစ်ပြလိုက်တယ် နင်ကြေနပ်ပါ
ငါက အများမြင်မှာ မြွေဟောက်
ထိတာနဲ့ပေါက်ပစ်လိုက်မယ်
နင့်တွက်တော့ အသုံးမကျတဲ့
တီကောင်လေးဘဝနဲ့ အသွင်ပြောင်းသွားတယ်
နင်ကြေနပ်ပါဟာ-------"