ငါတို့ရဲ့ဘဝဟာ ငါ့တို့ရဲ့လက်ထဲမှာ အမြဲတစ်စေ
ခိုင်းစေခံနေရမယ်ဆိုရင်လည်း ငါတို့ရဲ့ဘဝကို
ငါတို့သာလျှင် ထူထောင်ရမည်ဖြစ်သည်ကို
အမြဲအမှတ်ရနေလျက်ပါ ဘယ်တော့မှ မစွန့်လွှတ်တဲ့
ဇွဲသတ္တိတို့နဲ့ မပြောင်းလဲသော ရည်မှန်းချက်ပန်းတိုင်
တို့ကို စွဲမြဲစွာ လှမ်းကိုင်နေမြဲဖြစ်နေမှာဆိုတာ
ငါတို့နှလုံးသား သွေးထဲမှာစီးဆင်းနေတယ်အမြဲ
လက်မလျော်ဘူး အားမပျက်ဘူး ဇွဲသတ္တိတို့ရဲ့
မောင်းနှင်ရာစွမ်းအားတို့နဲ့ ငါတို့ရဲ့ အားမပျက်သော
လက်ကိုင်တန်းများသဖွယ် ကူညီဖေးမသူတို့ရဲ့
အလယ်မှာ ငါတို့ရဲရဲဝံ့ဝံ့ဆက်လက်တည်ရှိနေမယ်
နောက်မဆုတ်တမ်း ငါတို့ရှေ့ဆက်လှမ်းနေမယ်
အိုဟောင်းနေတဲ့ လမ်းမျာကိုလဲ ငါတို့အသစ်ပြောင်းမယ်
မနှစ်ကနဲ့မတူတဲ့ ငါတို့ရဲ့ဘဝကို အသစ်စတဲ့အခါ
မပြောင်းလဲတဲ့ ငါတို့ရဲ့သွေးသားမျိုးဆက်ဆွေအတွက်
စိတ်ဓာတ်ခွန်အားတစ်ရပ်ဖြစ်စေရမယ်ဆိုတာ
ငါတို့စိတ်ထဲမှာ အမြဲစွဲမြဲတည်ရှိနေမယ်လို့
အမြဲ ငါတို့ယုံကြည်ထားတယ် ရှေ့ဆက်နေမယ်
အတိတ်ကသင်ခန်းစားတွေကို ငါတို့မှတ်သားမယ်
အနာဂတ်မှာ ငါတို့ပြုပြင်ပြီး သွန်သင်မယ်
ဒါဟာ ငါတို့ရဲ့သမိုင်းပေးတာဝန်တစ်ရပ်
အမြဲမှတ်သားကာ ငါတို့ပြုပြင်ရင်းရှေ့ဆက်သွားကြမယ်။
ေမွ်ာ္လင့္ခ်က္တို႔ မပ်က္သုဥ္းဘူး
ငါတို႔ရဲ႕ဘဝဟာ ငါ့တို႔ရဲ႕လက္ထဲမွာ အၿမဲတစ္ေစ
ခိုင္းေစခံေနရမယ္ဆိုရင္လည္း ငါတို႔ရဲ႕ဘဝကို
ငါတို႔သာလွ်င္ ထူေထာင္ရမည္ျဖစ္သည္ကို
အၿမဲအမွတ္ရေနလ်က္ပါ ဘယ္ေတာ့မွ မစြန႔္လႊတ္တဲ့
ဇြဲသတၱိတို႔နဲ႕ မေျပာင္းလဲေသာ ရည္မွန္းခ်က္ပန္းတိုင္
တို႔ကို စြဲၿမဲစြာ လွမ္းကိုင္ေနၿမဲျဖစ္ေနမွာဆိုတာ
ငါတို႔ႏွလုံးသား ေသြးထဲမွာစီးဆင္းေနတယ္အၿမဲ
လက္မေလ်ာ္ဘူး အားမပ်က္ဘူး ဇြဲသတၱိတို႔ရဲ႕
ေမာင္းႏွင္ရာစြမ္းအားတို႔နဲ႕ ငါတို႔ရဲ႕ အားမပ်က္ေသာ
လက္ကိုင္တန္းမ်ားသဖြယ္ ကူညီေဖးမသူတို႔ရဲ႕
အလယ္မွာ ငါတို႔ရဲရဲဝံ့ဝံ့ဆက္လက္တည္ရွိေနမယ္
ေနာက္မဆုတ္တမ္း ငါတို႔ေရွ႕ဆက္လွမ္းေနမယ္
အိုေဟာင္းေနတဲ့ လမ္းမ်ာကိုလဲ ငါတို႔အသစ္ေျပာင္းမယ္
မႏွစ္ကနဲ႕မတူတဲ့ ငါတို႔ရဲ႕ဘဝကို အသစ္စတဲ့အခါ
မေျပာင္းလဲတဲ့ ငါတို႔ရဲ႕ေသြးသားမ်ိဳးဆက္ေဆြအတြက္
စိတ္ဓာတ္ခြန္အားတစ္ရပ္ျဖစ္ေစရမယ္ဆိုတာ
ငါတို႔စိတ္ထဲမွာ အၿမဲစြဲၿမဲတည္ရွိေနမယ္လို႔
အၿမဲ ငါတို႔ယုံၾကည္ထားတယ္ ေရွ႕ဆက္ေနမယ္
အတိတ္ကသင္ခန္းစားေတြကို ငါတို႔မွတ္သားမယ္
အနာဂတ္မွာ ငါတို႔ျပဳျပင္ၿပီး သြန္သင္မယ္
ဒါဟာ ငါတို႔ရဲ႕သမိုင္းေပးတာဝန္တစ္ရပ္
အၿမဲမွတ္သားကာ ငါတို႔ျပဳျပင္ရင္းေရွ႕ဆက္သြားၾကမယ္။
Photo by google.com