တမ်းတမ်းတတ တိတ်တခိုးအလွမ်းများနဲ့
ရင်မှာသာသိမ်းထားခဲ့သည်
အလွမ်းတံလျက်တို့ ဖွင့်လှစ်လိုလဲ မဆိုချင်ပြီ
မနီးလျက်နဲ့ အနီးခက်တဲ့ ဘဝမျိုးရယ်ကြောင့်
မင်းနဲ့ဝေးရာ ဒို့ထွက်ခွာခဲ့ပါပြီ
တို့ကြောင့်ဖြစ်ရတဲ့ မင်းအတွက်စိတ်ဒုက္ခတွေ
တို့ကြောင့်ခံစားရတဲ့ မင်းရဲ့ အိပ်ပျက်ညတွေ
တို့မနှိက်စက်ရက်တော့ပေ ကိုတစ်ကယ်ချစ်ရသူရေ
အတွေးများနဲ့ အဆွေးများသာ တို့ဘဝရဲ့လမ်းဆုံးဆိုတာ
တို့သတ်မှတ်လို့ ဝေးရာထွက်ခွာသွားပါပြီ
တို့အတွက်မင်းပျော်ရွှင်နိုင်ပါစေတော့လေ
အချစ်ဆိုတာ တို့အတွက် မနှစ်သက်အပ်တဲ့
သီးခြားဘုရားသခင်တားမြစ်ထားတဲ့ အသီးတစ်လုံးပါ
မင်းအတွက် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်တဲ့
တို့ဟာ မင်းနဲ့ဝေးရာကို စက္ကူလေးတစ်ရွက်လို
လွှင့်စင်ကာ ထွက်ခွာသွားခဲ့ပြီဆိုတာ
မင်းမသိစေပဲ တို့ထွက်ခွာခဲ့ပါပြီ။
ရင္ႏွစ္ရေသာ အလြမ္း
တမ္းတမ္းတတ တိတ္တခိုးအလြမ္းမ်ားနဲ႕
ရင္မွာသာသိမ္းထားခဲ့သည္
အလြမ္းတံလ်က္တို႔ ဖြင့္လွစ္လိုလဲ မဆိုခ်င္ၿပီ
မနီးလ်က္နဲ႕ အနီးခက္တဲ့ ဘဝမ်ိဳးရယ္ေၾကာင့္
မင္းနဲ႕ေဝးရာ ဒို႔ထြက္ခြာခဲ့ပါၿပီ
တို႔ေၾကာင့္ျဖစ္ရတဲ့ မင္းအတြက္စိတ္ဒုကၡေတြ
တို႔ေၾကာင့္ခံစားရတဲ့ မင္းရဲ႕ အိပ္ပ်က္ညေတြ
တို႔မႏွိက္စက္ရက္ေတာ့ေပ ကိုတစ္ကယ္ခ်စ္ရသူေရ
အေတြးမ်ားနဲ႕ အေဆြးမ်ားသာ တို႔ဘဝရဲ႕လမ္းဆုံးဆိုတာ
တို႔သတ္မွတ္လို႔ ေဝးရာထြက္ခြာသြားပါၿပီ
တို႔အတြက္မင္းေပ်ာ္႐ႊင္နိုင္ပါေစေတာ့ေလ
အခ်စ္ဆိုတာ တို႔အတြက္ မႏွစ္သက္အပ္တဲ့
သီးျခားဘုရားသခင္တားျမစ္ထားတဲ့ အသီးတစ္လုံးပါ
မင္းအတြက္ ဆူးေျငာင့္ခလုတ္တစ္ခုျဖစ္တဲ့
တို႔ဟာ မင္းနဲ႕ေဝးရာကို စကၠဴေလးတစ္႐ြက္လို
လႊင့္စင္ကာ ထြက္ခြာသြားခဲ့ၿပီဆိုတာ
မင္းမသိေစပဲ တို႔ထြက္ခြာခဲ့ပါၿပီ။
image by google