အမှန်တကယ်တော့ ရင်ထဲနှလုံးသားထဲက
အချစ်ဆိုတဲ့ မူးရစ်ခြင်းများစွာနဲ့သာ ရှင်သန်လှုပ်ရှား
နေချိန်မှာ ရင်ထဲက မမျှော်လင့်နိုင်သော ဖြစ်ပျက်တဲ့
အမုန်းအဆိပ်သင့်ရင်ခွင်တစ်ခုမှာ ပြန့်ကျဲနေတဲ့
စက္ကူစတွေနဲ့ လျှောက်လှမ်းနေဆဲပါလို့လဲ ပြောလို့
မဝချင်တော့ အမုန်းဆိုတာလဲ လက်တွေ့မှာ
ကြည်နူးစရာရှိချင်ရှိနေမှာပဲလေ အဲတော့
မဖြိုဖျက်နိုင်တဲ့ အခြေနေမှာကိုက ထူးဆန်းတဲ့
မေတ္တာတရားတွေနဲ့ အချစ်တွေမပျောက်ဆုံးရအောင်
တိုတွေကြိုးစားသင့်တယ်ထင်မိပါတယ်လေ
အဆိပ်ပြင်းပြင်း ချစ်ခြင်းငုတ်တုတ်နဲ့ လှုပ်မရသော
ချစ်ခြင်းသဘောမှာတော့ ထူးဆန်းသလိုလဲ
မထင်တတ်တော့တာ သဘာဝမဟုတ်လား
အလွမ်းတွေ အဆွေးတွေ ချစ်ခြင်းသဘောတရားတွေ
အိပ်စက်ခြင်းက အစ နူးညံတဲ့ သိမ်မွေ့မှုတွေနဲ့
အထူးအထွေ ကိုယ်စားလှယ်တစ်ယောက်လို့
အဆုံးမစမရှိတဲ့ လမ်းကြောင်းမှန်ပေါ်ကိုရောက်ဖို့
အရမ်းကာရော ကြိုးစားနေရတာမဟုတ်ပါလား...။
ထို့ကြောင့်လဲ အမှန်ကိုမြင်ပြီး အချစ်ကိုရှာဖွေမှာ
အချစ်ကိုရှာဖွေလို့ အချစ်စစ်ကိုတွေ့တဲ့အခါမှာသာ
အမုန်းဆိုတာ မရှိခဲ့ပါက အချစ်ဆိုတာကို
ဘယ်လိုပင်တွေးတွေး မရရိုးထုံးစံပါပဲလေ
အချစ်ဆိုတာ မေတ္တာစစ်နဲ့သာ ရရိုးထုံးစံရှိတာပါ...။
ပျော်ရွှင်ကြည်နူး ချစ်စိတ်ကူး