စီးချင်းတိုက်ပွဲတွေ ရှိနေရတာက
ဆန့်ကျင်ဘက် အမြင်မတူတာ ရှိလို့ဖြစ်မှာပါ။
စီးချင်းထိုးကြပြီဆိုမှဖြင့် သူ့ဘက် ကိုယ့်ဘက်
မင်းပရိသတ် အစုံလင်နဲ့။
သူနိုင် ကိုယ်နိုင်အပြိုင်နွှဲတဲ့ ဒီပွဲက
ပွဲရှုသူ ပရိတ်သူကို ရသတစ်ခု ဖြစ်အောင်
ညှို့ယူဖမ်းစားစေနိုင်ခဲ့ပြီလား။
ဒီပွဲရဲ့ ဆုများရှင်က ဘယ်သူဖြစ်လေမလဲ။
နွေရဲ့ပုံဆောင်ခဲနှင့် အလားသဏ္ဌန်တူတဲ့ ဒီစီးချင်းမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်
ဆုံးဖြတ်ကြမှက ပရိတ်သတ်လား သူတို့ကိုယ်တိုင်လား။
အခွင့်သာလို့ တောင်းဆိုခွင့်ရခဲ့မယ်ဆိုရင် ( သစ်ရွက်ကလေး တစ်ရွက်ဖြစ်တဲ့ ) ငါ တောင်းဆိုလိုက်ချင်တယ်။
ခြောက်သွေ့တဲ့ ရွက်ဟောင်းတွေကြားမှာ နုပျိုမှုတွေ ပြန်ရဖို့ လေပြေရယ် လာပါတော့လို့။
Image source
Author>>>
MSC : 014