ကျွန်တော်ရဲ့မိတ်ဆွေ အမျိုးသမီးကြီးတစ်ဦး
အကြောင်းရေးပြချင်ပါသည်။ သူမ သည်
သားသမီး သုံးဦးရှိသည်။ သမီးအကြီးဆုံးက
အိမ်ထောင်ကျ၍ မြေးဦးယောက်ျားလေး
တစ်ဦးရှိသည်။ အဆိုပါမြေးသည် ၂နှစ်အရွယ်
ရှိသည်။ ယောက်ျားလေးဖြစ်သည့်အတိုင်း
ဆော့လိုက်သည်မှာ မျောက်ရှုံးလေသည်။
သူမသည် သူ့မြေးအား ချစ်သည်မှာ ပြောဖွယ်ပင်
ဖြစ်လေသည်။
သူမသည် သားသမီးများကိုလည်း အလွန်ချစ်၏
ယခုမြေးကိုလည်း အင်မတန်ချစ်၏။ သူမသည်
အပြင်ထွက်ရာတွင်ပင် ဘယ်သွားသွား သူ့သားသမီး
များကို တပြုံတမကြီးခေါ်သွားလေ့ရှိသည်။
စားရာ ၊ နေရာ၊ ထိုင်ရာများတွင်လည်း သူ့သားသမီးများကို ဦးစွာစားစေ ထိုင်စေ ဦးစေသည်။
စကားပြောရာတွင်လည်း သူသိ သူတတ်
ပြောဆိုတတ်သည်။ သူ့ညီအစ်မများက အကျိုး
အကြောင်းပြောပြပါသော်လည်း လုံးဝဥဿုံ
သူမသာမှန်ကန်သည်ဟု ပြောလေ့ရှိသည်။
အခြားတူ တူမများသည်သူ့အကြောင်းသိနေ၍
သူ့မိသားစုအား ဦးစားပေးရှာကြသည်။
တခါတရံ သူမ ကွယ်ရာတွင် ပြောကြသည်။
ဒေါ်ကြီးက အတ္တ တော်တော်ကြီးတာပါလား။
သူမ သည် တခါတရံ နတ်ပူးသလိုဖြစ်တတ်သည်။
နတ်ဆိုင်းသံများကြားရင် သူမက ရိုးတိုရွတ
ဖြစ်လာသည်ဟုပြောသည်။ တခါတရံ အိမ်၌
ရိုးရာနတ်တင်သည့်အခါများမှာလည်း
တကိုယ်လုံး လှဲချကာ လှိမ့်လေသည်။ ထိုသို့
လူးလှိမ့်ရင်း နှုတ်မှ တတွတ်တွတ်ရွတ်လေ
သည်။ သူမ၏ သမီးများက မျက်နှာကို ရေဖြင့်
ပက်မှသာ အသိဝင်လာသည်ဟုပြောသည်။
သမီးတစ်ယောက်က နေပြည်တော်သို့ အလုပ်
ပြောင်းရသည်။ ထို့ကြောင့် သူမမိသားစုများ
နေပြည်တော်သို့ပြောင်းကြသည်။ နေပြည်တော်
သို့ ပြောင်းသွားပါသော်လည်း မန္တလေးသို့
စနေ တနင်္ဂနွေ အပတ်စဉ်တိုင်း ပြန်လာသည်။
သမီးကြီးနှင့် မြေးထံသို့ ပြန်လာကာ ကြည့်ရှု
တတ်သည်။ ထိုသို့ ကူးသန်းရာတွင် မီးရထား
စီးကာ မန္တလေးသို့ပြန်လာသည်။ စနေ တနင်္ဂနွေ
ရုံးပိတ်ရက်နှင့် ပိတ်ရက်ဆက်တိုက် တိုက်ဆိုင်
ပါလျှင် နေပြည်တော် မှ မန္တလေးသို့ ပြန်သူများ
သည်။ ထိုအခါ နေပြည်တော်မှ ရထားလက်မှတ်
ဝယ်ရန် ခက်ခဲတတ်သည်။
နေပြည်တော်ဘူတာမှာ မန္တလေးသို့ပြန်ရန်
လက်မှတ်ဝယ်မရပါက သူမက လက်မှတ်ရောင်း
သည့်အပေါက်မှ တစ်နေကုန်နေသည်။
လက်မှတ်ရောင်းသူများကိုလည်း နှုတ်မှ တဖွဖွ
ပြောကာ လက်မှတ်ကို မရ ရအောင်ဝယ်တတ်
လေသည်။ ထို့ကြောင့် နေပြည်တော်ဘူတာမှ
ရထားလက်မှတ်ရောင်းသူများသည် သူမကို
မြင်လျှင် မန္တလေးအတွက် VIP တစ်စောင်ဟု
ပြောဆိုကာ ရောင်းကြရှာသည်။ သူမကလည်း
ပြုံးပြုံးကြီးဖြင့် ကျေနပ်စွာဝယ်ယူလေသည်။
သမီးကြီးဖြစ်သူပါ နေပြည်တော်သို့ အလုပ်ရ၍
သမီး၊ မြေးနှင့်အတူတကွ နေပြည်တော်၌
အတူနေကြရလေသည်။ သို့သော် သားမက်
ဖြစ်သူက မန္တလေး၌အလုပ်ရှိ၍ နေခဲ့သည်။
ထို့ကြောင့် တပတ်ခြားတစ်ခါ မန္တလေးသို့
မြေးနှင့် သမီးပြန်လျှင် သူမပါ လိုက်ပါလာလေ
သည်။ သမီးနှင့် မြေးကို စိတ်မချ၍တစ်မျိုး
မန္တလေးမှာ ကိစ္စလေးရှိကြောင်းပြောကာ
မန္တလေး သို့ကူးချည်း သန်းချည်းလုပ်ပြန်ပါ
သည်။
တစ်နေ့ ထိုနေ့က သူမအဖို့ ရင်ဘတ်ထုခဲ့ရသည့်
နေ့ဖြစ်ပေတော့သည်။ ထိုနေ့က နှစ်သစ်ကူး
ရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေ ဖြစ်၍ ရုံးလေးရက်
ပိတ်လေသည်။ သူမကလည်း ထုံးစံအတိုင်း
မန္တလေးသို့ မြေးနှင့် သမီးတို့ဖြင့် ပြန်လေသည်။
ပိတ်ရက်များသဖြင့် သမီးအငယ်များကလည်း
လိုက်ခဲ့ကြ၍ ရထားလက်မှတ်က ၄ယောက်ကို
ထိုင်ခုံ ၃ခုံသာရလေသည်။ ၁ဦးက ခုံမဲ့ဝယ်စီး
ရလေသည်။ ရသည့် ခုံများကလည်း ခုံခြား၍
ရလေသည်။
ရထားတွဲမှာ လူအင်မတန်ကြပ်လေသည်။
ပိတ်ရက်များ၍ နေပြည်တော်မှ ဝန်ထမ်းများ
အားလုံးနီးပါး ကိုယ့်ရပ်ရွာသို့ပြန်ကြသည်။
ရထားတွဲမှာ ခုံမဲ့လိုက်ပါသူများဖြင့် ကြပ်ညပ်ကာ
ပြွတ်သိပ်နေသည်။ သူမသည် သူ့မြေးလေးများ
ကြပ်ညပ်ကာနေမလားဟု သူမထံခေါ်ထားရန်
စိတ်ကူးသည်။ သူ့မြေးထံသွားရန် လမ်းမှာ
ပိတ်နေသဖြင့် လမ်းရှင်းပေးရန် တွဲစောင့်နှင့်
ရထားလိုက်ရဲများကို ခေါ်ကာ လမ်းရှင်းခိုင်းသည်။
နှုတ်မှလည်း
”ဖယ်ကြစမ်းပါ တကတည်း မရောက်တော့မယ်ဟာ
ကြနေ ဖယ်ကြအုံး”
ပြောဆိုတွန်းထိုး၍ သူ့မြေးအားခေါ်ယူလေသည်။
မြေးဖြစ်သူ ၂ နှစ်သားက အမေကြီးဖြစ်သူ သူမအား
မျက်လုံးလေးပြူးစွာကြည့်ကာ ပြောလိုက်သည်ကာ။
”မေကြီး ရက်...စက်တာ
ယုတ်...တာ...”
မြေးဖြစ်သူ စကားကြားလျှင် သူမသည်
မျက်လုံးကြီးပြူးကာ တအံ့တသြဖြင့်
မြေးဖြစ်သူကို ကြည့်နေမိပါလေတော့သည်။