#dcity game ကတော့ ကျွန်တော်ဆော့သည့် တစ်ခုတည်းသော Game တစ်ခု ဖြစ်ပါတယ်။ စဆော့ချင်းတုံးက လေ့လာစရာများစွာ ရှိသည့် game တစ်ခုဆိုလျှင်လည်း မမှားပါဘူး။
နောက်ပိုင်းမှာတော့ income ရရှိမည်အရေးကိုသာ ဦးစားပေး ဆော့ဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်သည့် card များကို ရောင်းချပြီး လိုအပ်သည့် card များကိုသာ ဝယ်ယူပြီး income level မြင့်တက်လာ စေရန် အားစိုက်ခဲ့ပါတယ်။
SIM income ရရှိသည့် card များစွာ ရှိသည့် အထဲမှာမှ ကျွန်တော်သည် tax refund ရရှိသည့် card များကိုသာ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် tax refund ရရှိသည့် card များကို ရွေးချယ်သလဲဆိုတော့ ကျွန်တော်မှာ အကြောင်းပြချက် တစ်ခုသာ ရှိပါတယ်။
ထိုအကြောင်းပြချက်ကတော့ President ၏ အခွန်အပေါ် ထားရှိသည့် မူဝါဒများ အပေါ်မူတည်ပြီး income အနည်း/အများ ဒဏ်ကို မလိုချင်သောကြောင့် ဖြစ်ပါတယ်။
ကျွန်တော်ကတော့ income Rank ( Level ) များ မြင့်တက်လာ စေရန် အမြဲကြိုးစားရပါတယ်။ ( Daily Hive income ရရှိနိုင်သည့် နေရာ ငါးခုရှိပြီး income / education / creation / population နှင့် popularity ဆိုပြီး ရှိနိုင်ပါတယ် )။ ၎င်း level များသည် Top 400 ထဲ ရောက်ရှိသည်နှင့် daily Hive income များ စတင်ရရှိမှာ ဖြစ်ပါတယ်။
ကျွန်တော်သည် income level သည် Top 80 အောက် ရောက်ရှိနေပြီ ဖြစ်ပြီး daily hive income 0.2 HIVE ခန့် ရရှိနေပြီ ဖြစ်ပါတယ်။ Daily SIM income အနေဖြင့် တစ်နေ့လျှင် SIM 1200 ကျော် ရရှိနေပြီ ဖြစ်ပါတယ်။ ( Tax refund card များကိုသာ အသုံးပြုထားသည် ဖြစ်သောကြောင့် အခွန်မူဝါဒများသည် ကျွန်တော်၏ SIM income ပေါ်သို့ သက်ရောက်ခြင်း မရှိနိုင်ပါဘူး)
Tax refund ရရှိသည့် card များစွာ ရှိပြီး 1 SIM မှ 10 SIM ထိ ပေးသည့် card များ ရှိပါတယ်။ တစ်ချို့ card များသည် tax refund များကို ပေးသော်လည်း တစ်ချို့ card များသည် တစ်ခြား လုပ်ဆောင်ချက်များကိုပါ လုပ်ဆောင်ပေးပါတယ်။
ဒါကတော့ ကျွန်တော် ဒီနေ့ မျှဝေပေးချင်တာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ တစ်ခြားအကြောင်းအရာများ မျှဝေပေးရင်း ပြန်ဆုံကြပါအုံးမယ်။