နေ့စဥ် တစ်နာရီခန့်တော့ Trade အတွက် အချိန်ပေးဖြစ်တယ်။ ( အရင်လို ကြီးကြီးကျယ်ကျယ် မလုပ်တော့ဘဲ အေးဆေး သက်သာစွာလေးဘဲ လုပ်ဖြစ်ပါတယ် )
ဆိုင်က မနက်ခြောက်နာရီမှ ည ရှစ်နာရီခွဲအထိ ဖွင့်သည်ဆိုတော့ ဆိုင်ရှင်းချိန်မှာ ကျွန်တော်တို့တွေ အလှည့်ကျ အနားယူကြပါတယ်။
( တစ်နေကုန် အလုပ်တွေ လုပ်နိုင်ဖို့ အနားယူချိန်လေးတော့ လိုပါတယ်။ ဒါကြောင့် ဆိုင်က အကူလေးတွေကိုပါ အနားပေးရလေ့ ရှိပါတယ်။ အနားယူချိန်တွင်တော့ အားလုံးက အိပ်ကြတာ များပါတယ် )
ကျွန်တော်လည်း ခဏတစ်ဖြုတ်နားပြီး အဆောင်တွေကို ပတ်ပါတယ်။ အဆောင်ဆိုသည်မှာ လူမျိုးစုံ စရိုက်မျိုးစုံ ကို ကိုယ်လိုချင်သည့် ပုံစံခွက်ထဲ ရောက်စေရန် လုပ်ယူရသည့် နေရာမျိုးပါ။
ကျွန်တော် အဆောင်မှာတော့ စည်းကမ်းချက် များများစားစားရယ်လို့ မရှိပါဘူး။ အဆောင်မှာ ဧည့်သည်လက်မခံတာရယ်၊ ဝိုင်းဖွဲ့ သောက်စားခြင်း မပြုလုပ်ခိုင်းတာရယ်၊ အဆောင်နေသူ အချင်ချင်း ခိုက်ရန်ဖြစ်ပွားတာရယ်၊ အမှိုက်များ စည်းကမ်းမရှိ ပစ်တာရယ်၊ ည ဆယ်နာရီကျော်လျှင် ဆူညံစွာ စကားပြောခြင်း ဖုန်းပြောခြင်း မပြုလုပ် ခိုင်းတာရယ် ဒီလိုအချက်လေးတွေ ဘဲ ရှိပါတယ်။
တစ်ချို့ စည်းကမ်းချက်တွေကိုတော့ တင်းကြပ်စွာ ထားရပါတယ်။ ဥပမာ- အဆောင်နေသူ အချင်းချင်း ခိုက်ရန် ဖြစ်ပွားလျှင် ချက်ချင်း အဆောင်ကနေ နှင်ချပါတယ်။
( ငွေကြေးကိစ္စကို စိတ်မဝင်စားဘူးဟု အစကတည်းက ပြောထား၍ အဆောင်အတွက် မကောင်းသည့် သူဆိုလျှင် ငွေပြန်အမ်းကာ နှင်ချရသည့် အခါလည်း ရှိပါတယ် )
ဆက်ရန်