ပြောရအုံးမယ်ဗျာ.... ကျွန်တော်တို့ မိသားစု အများစုက ဈေးသည်မျိုး ခင်ဗျ။ ကျွန်တော် မိဘတွေကသာ တောင်သူတွေ ဖြစ်ကြပင်မဲ့ ကျန်သည့်မိသားစုကတော့ ဈေးရောင်းစားကြသည်က များပါသည်။ (ဒါတောင် ကျွန်တော်ငယ်စဥ်က အမေသည် အိမ်ဆိုင်လေးဖွင့်ထားပါသေးသည် )
ခုဆိုလည်း ကျွန်တော်တို့ ဈေးလမ်းထဲတွင် ဈေးရောင်းနေကြသည့် ဆိုင်ငါးဆိုင်လောက်မှာ ကျွန်တော်တို့ အမျိုးဆိုင်များသာဖြစ်ကြပါတယ်။ တစ်ချို့ဆိုင်က အလှကုန်တွေရောင်းကြတယ်။ တစ်ချို့ဆိုင်က အရက်အေးဂျင့်ဆိုင်ဖွင့်ထားတယ်။ တစ်ချို့ဆိုင်က မုန့်ဆိုင်။
တစ်ချို့ဆိုင်က ထွေလီကာလီ ရောင်းတဲ့ဆိုင် စသည်ဖြင့် ရှိကြပါတယ်။ ဒါတောင် တစ်ခြားရပ်ကွက်က အမျိုးဆိုင်တွေကို ထပ်မတွက်ထားပါဘူး ( ကြုံတုံး ကြွားတာပါ မဟုတ်ပါဘူး ဈေးသည်အေးကြွယ်တို့ အမျိုးတွေကို ဆိုလိုတာပါ )
ဒီတော့ ကျွန်တော်လည်း ဈေးဝယ်သူ အမျိုးမျိုးကို ငယ်စဥ်ကတည်းက ကြုံတွေ့နေကြပါ။ ဒီထဲမှာမှ အတွေ့များသည့် ဈေးဝယ်သူ လေးမျိုးအကြောင်းကို ကြုံတုံး ဖောက်သည်ချပါ့မယ်။( ဘယ်သူတွေ ဘယ်ထဲမှာ ပါကြသလဲဆိုတာ Comment လေး ရေးပေးပါအုံးနော် )
( ၁ ) ဈေးဆစ်နိုင်သူ
အသက်ကြီးကြီး အဖွားကြီး/ အဒေါ်ကြီးတွေဆို အရမ်းဈေးဆစ်ကြပါတယ်။
"သားရေ.... Thai Coffee တစ်ပါ ဘယ်လောက်လဲ "
"တစ်ပါကို ၃၃၀၀ ပါ အမေရေ"
"သားလေး... ၃၀၀၀ ရမလား "
"မရဘူးအမေကြီးရဲ့ ဈေးအရမ်းမတင်ထားဘူး"
"အေးပါသားရယ် .... ဒါဆိုလည်း တစ်ပါ ပေးပါ"
"ဟုတ် အမေကြီး ရေနွေးခွက်လေး လက်ဆောင်ထည့်ပေးလိုက်မယ်နော် "
"အေးအေး... သားလေး ကျေးဇူးပါ"
"ဟုတ် ကျေးဇူးပါနော် .. နောက်လည်း အားပေးပါအုံး "
သူတို့ကတော့ ဝသီအတိုင်း ဈေးဆစ်ကြတာပါ။ ဒီဟာကို ဒီဈေးမရမှန်း သိပင်မဲ့ ဆစ်လိုက်ရမှ နေသာထိုင်သာလေး ရှိသွားကြသည့် ဆစ်ကြီးတို့ပေါ့နော်။
( ၂ ) ခပ်ချေချေဘဲ
"ဟိုမုန့်လေး ဘယ်လောက်လဲ "
" 5800 ပါ အမ "
" အေး ( ၅ ) ထုပ် ထည့်လိုက် "
"ဟုတ် အမ .... တစ်ခြားဘာလေး ယူအုံးမလဲ ကြည့်အုံးလေ "
" ခဏလေး.... ကြည့်နေတယ်။ အော် သိပြီး ဟိုဟာ ငါးထုပ်ချ.... ဒါ ငါးထုပ်ချပေး။ ဒါ တစ်ဖာပေးပါ"
"ဟုတ် ဈေးတွက်ပေးမယ်နော်"
"အေး.... မြန်မြန်လေး "
အဲလိုချေပြီး ဝယ်တဲ့ဈေးဝယ်သူ။ ကျွန်တော်တို့ကတော့ အဲလိုလူမျိုးကြိုက်တယ်။ အေးဆေးဘဲ.... အချိုတိုအတွင်း များများရောင်းလိုက်ရတယ်လေ
( ၃ ) လေများသူ
တစ်ချို့ ဈေးဝယ်သူတွေကတော့ ဈေးနည်းနည်းဝယ်ပြီး စကားတွေ အများကြီးလာပြောတက်ပြန်ပါသေးတယ်။ သမီးအကြောင်း၊သားအကြောင်း၊ လမ်းထိမ်က အမျိုးသမီးအကြောင်း၊ အကြောင်းပေါင်းများစွာကို မနားမနေပြောတက်ပါတယ်။ကိုယ့်အကြောင်းကိုလည်း အလျှင်းသင့်ရင် သင့်သလို စပ်စုတက်ပါသေးတယ်။ ဝယ်သူမရှိလျှင် အဆင်ပြေပင်မဲ့ ဝယ်သူများရင်တော့ အတော်လေးအဆင်မပြေတဲ့ ကိစ္စတစ်ခုပါ
( ၄ ) ပဲစိန်
ဟီး.... တစ်ချို့ကောင်မလေးတွေဆို အတော်လေး ပဲများကြတာ။ ဒါပင်မဲ့ ကြည့်လို့ကောင်းပါတယ်။ မဟုတ်ပါဘူး.... အတော်လေး ဝယ်ကြပါတယ်။ သူတို့က ပစ္စည်းတစ်ခုမေးခါနီးရင်လည်း မပွင့်တစ်ပွင့်ရယ်။ ပစ္စည်းယူရင်လည်း မထိတထိရယ်။ ဘာတွေလည်လို့ လည်နေမှန်းမသိပင်မဲ့ လှည်တော့ လည်နေကြတာပါဘဲ။
ကဲ HIVER တို့လည်း ဘယ်နေရာမှာ ပါတယ်ဆိုတာ Comment ပေးသွားပါအုံးနော်။ နောက်ကြုံမှ ဈေးဝယ်သူတွေ အကြောင်းဖောက်သည်ချပါအုံးမယ်နော်။