မင်္ဂလာပါ
အင်္ဂလိပ်စာကို တိုးတက်အောင် လုပ်ချင်ကြသူများအတွက် အွန်လိုင်းဘာသာပြန်သင်တန်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ...
အဆိုပါ သင်တန်းကို Translation and Myanmar Language Development Research organization က စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဘာသာပြန်ပိုင်းဆိုင်ရာ ကျှမ်းကျင်တဲ့ ဆရာ/ ဆရာမတွေက သင်ကြားပေးတာပါ ...
အမှန်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီသင်တန်းအကြောင်း အစောကြီးကတည်းက အသိပေးသင့်တာပါ ... အဝေးသင်စာမေးပွဲတွေနဲ့ တိုက်ဆိုင်နေတာကြောင့် စာမေးပွဲဖြေဆိုနေသူတွေကို စိတ်နှစ်ခွ မဖြစ်အောင် အသိမပေးခဲ့တာပါ ... လက်ရှိမှာတော့ အဆိုပါ သင်တန်းက စတင်နေပါပြီ ... ပထမအပတ်ကို သင်ကြားအပြီးမှာတော့ Assignment တွေ ပေးလိုက်ပြီး အတော်လေး ကြိုးစားပြန်ဆိုနေရပါတယ်။ စုစုပေါင်း စာမျက်နှာ ၁၉ မျက်နှာကို ပြန်ဆိုရတာ ဖြစ်ပြီး အွန်လိုင်းကနေ သင်ရတယ်ဆိုပေမယ့် သိပ်မလွယ်ကူတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ် ... သင်တန်းပြီးဆုံးသွားရင် စာမေးပွဲဖြေဆိုရမှာ ဖြစ်ပြီး အဆင့်နဲ့ အောင်စာရင်းထုတ်ပြန်ပေးမှာပါ ... ဘာသာပြန်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူတွေ အများကြီးတက်ရောက်တာဖြစ်တာကြောင့် မိတ်ဆွေတွေလည်း အများကြီးတိုးပွားနိုင်ပါတယ် ...
ဒါက အခု ဖွင့်လှစ်လိုက်တဲ့ သင်တန်းအကြောင်းပါ ...
ဒါကတော့ TMLDR ရဲ့ Facebook Page ပါ ...
https://www.facebook.com/mmtranslationresearch/?ref=br_rs
သင်တန်းကို စိတ်ဝင်စားသူ တက်ရောက်နေသူတွေအနေနဲ့ အခုကတည်းက ဘာသာပြန်ခြင်းကို စတင်လေ့လာထားသင့်ပါတယ် ... ဒါမှသာ သင်တန်းက သင်ကြားတာတွေကို လိုက်နိုင်မှာ ဖြစ်ပြီး အမှတ်လည်း ကောင်းနိုင်မှာ ဖြစ်ပါတယ် ...
အားလုံးကို ကျေးဇူးတင်ပါတယ် ...
MSC - 176