ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံ တော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတတစ်ဦးဦးသည် မိမိရဲ့ရာ ထူးသက်တမ်းမကုန်ဆုံးမီ ဆန္ဒအ လျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။ နိုင်ငံတော် သမ္မ တရွေးချယ်စဉ်က ဒုတိယမဲ အ များဆုံး ရရှိတဲ့ ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် တာဝန်ထမ်း ဆောင်ရမည်။ လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတနေရာကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ဖို့ ယာယီသမ္မတက ပြည်ထောင်စုလွှတ် တော် အကြီးအမှူးထံကို ဆောလျင်စွာ အကြောင်းကြားရမည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင် မြှောက်ပြီးတာနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အား လုံးပါဝင်တဲ့ သမ္မတရွေးချယ်တင် မြောက်ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ် သက်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်လို့ ဖော်ပြ ထားပါတယ်။