ဒီစာကလေးပညာပေးလေးမို့ ဗဟုသုတရဖွယ် တင်ပြလိုက်ခြင်းဖြစ်ပါတယ်ဗျအကြောင်းရင်းကတော့
အမေရိကန်တွေဟာ သိန်းငှက်ကို အရမ်း နှစ်သက်မြတ်နိုးကြတဲ့အကြောင်းလေးပါ သူတို့ဘာလို့နှစ်သက်ကြလဲဆိုရင်.....
.သိန်းငှက်တွေဟာ မြေပြင်က အစာအပုပ်အသိုးတွေမစားကြဘူး
.မိမိဖမ်းမိတဲ့သားကောင်ကိုလေထဲမှာပဲ စားကြတယ်(ဟုတ်မဟုတ်တော့မသိပါ😁)
.ပြီးရင် သိန်းငှက်တွေဟာ နေမင်းကြီးကို စိုက်ကြည့်နိုင်လောက်တဲ့မျက်လုံးတွေပိုင်ဆိုင်ထားကြတယ်
.သိန်းငှက်တွေ သက်တမ်းကနှစ်၄၀ကနေ နှစ်၇၀ထိ ရှိကြတယ်
.ထူးရှားချက်အနေနဲ့ပြောချင်တာကတော့ နှစ်၄၀နဲ့သေကြတဲ့သိန်းငှက်တွေရှိသလို နှစ်၇၀ထိနေသွားကြတဲ့သိန်းငှက်တွေလဲရှိကြပါတယ်
ဘာလို့အချို့ကနှစ်၄၀အချို့ကနှစ်၇၀ထိ
နေရတာချင်းကွာခြားတာလဲဆိုရင်
သိန်းငှက်တွေအသက် ၄၀ရောက်တဲ့အခါ ဇရာဇာတိပြ
ဆိုသလို အတောင်တွေပွ ခြေသည်းတွေ တအားရှည်ပြီး အကြေးခွံတွေနဲ့ ခြေထောက်တွေကလည်း လေးလံလာပါတယ်ပြီးတော့ နုတ်သီးဘေးက အရည်ခွံတွေကလဲ တွဲကျလာတယ်
သိန်းငှက်တွေက အစာမစားပဲ၄လအသက်ရှင်နိုင်တယ်ဗျ
(ဒီအချိန်မှာပဲ ၂မျိုးကွဲလာပြီ )
တစ်မျိုးက အသက်ကြီးပြီပဲဆိုပြီး
လေးလအစာမစားပဲ
အသေခံသွားကြတယ်လေ
နောက်သိန်းငှက်တစ်မျိုးကတော့
မိမိ အိုလာပြီဆိုတာသိတာနဲ့ အမြင့်ဆုံးကျောက်ဆောင် (သို့)လှိုဏ်ဂူတွေမှာ အသိုက် ကို အခိုင်မာဆုံးဆောက်ကြတယ် ပြီးရင် အဲ့အသိုက်ထဲမှာ
နုတ်သီးတွေကို ကျောက်ဆောင်ကျောက်သားတွေနဲ့ တိုက်ဖြတ်ပစ်ကြတယ် အဲ့လို့ ပြတ်သွားတော့ နောက် ၁၄ ရက်၁၅ရက်အကြာမှာ အသစ်ပေါက်လာတယ်
အဲ့ဒီနုတ်သီးဟာ အငယ်ကထက်တောင် ပိုပြီးခိုင်မာကျစ်လစ်တယ်
အဲ့ နှုတ်သီးနဲ့ပဲ သူ့ရဲ့အတောင်တွေကို နှုတ်ပစ်တယ် ပြီးရင် ခြေသည်းအပေါ်နားကအကြေးခွံတွေပါခွာချပစ်တယ်တဲ့ ဘယ်လောက်ခက်ခဲလိုက်မလဲဗျာ နောက်ဆုံးအနေနဲ့ သူ့ခြေသည်းတွေကိုပါကျောက်သားနဲ့
ဖျက်စီးပစ်လိုက်ပါတယ် ၄လမပြည့်ခင်မှာပဲ သူဟာ သိန်းငှက်ပျိုဘဝပြန်ရောက်သွားသလို နှစ်ပေါင်း၃၀
အသက်ဆက်ရှင်သန်ကြပါတယ်ဗျ
(ဒါကြောင့်လူတွေက အသက်၄၀
ကျော်မှ ဘဝက စတာပါဘာညာပြောကြလေသလားတော့မသိဘူးဗျ😁)
ကဲ ကျနော်တို့ hive platfoumကညီကိုတို့လည်း သိန်းငှက်ကို ဥပမာယူပြီး ဘဝအသစ်ဖြစ်မလာနိုင်တဲ့ အယူတွေအကျင့်တွေ .စရိုက်ဆိုးတွေ အလေ့အထဆိုးတွေကို ကျောက်ဆောင်ကျောက်သားနဲ့တူတဲ့ဝီရိယနဲ့ တိုက်ဖြတ် နိုင်ကြပါစေဗျာ
ခင်မင်လေးစားလျှက်