ဒူးရင်းသီး
Hello , all steemit member .
ဒီနေ့ မန္တလေး ကိုင်းတန်ဈေးသွားပြီး အသီးအနှံ တွေ ဝယ်ခဲ့ပါသည်
ပန်းသီး နဂါးမောက်သီး ကျွဲကောသီး စသည်ဖြင့် ဝယ်ယူ အပြီး ဒူးရင်းသီးများအမြင် မှာ ဝယ်ရကောင်းမလား စဉ်းစား မိပါတော့တယ်
ဒူးရင်းသီး အရသာကို ကြိုက်နှစ်သက်သော်လည်း ဒူးရင်းသီး အနံ့မှာ ပြင်းလွန်းသည့်အတွက် အနံ့ကိုတော့ မကြိုက်ပါ
ထို့ကြောင့် ဒူးရင်းသီးဆို တော်ရုံနှင့် မစားဖြစ်ပါ
အောက်ပြည် မော်လမြိုင် ဟင်္သာတ ဘက်မှ ဆွေမျိုး များ လာရောက်လည်ပတ်ရင်းလက်ဆောင်ယူလာသည့် အခါမျိုးတွင်သာ စားဖြစ်ပါသည်
မနေ့ကတော့ အသီးအနှံတန်းတွင် ဒူးရင်းသီးများ များပြားစွာ တွေ့ရပြီး
အော်ရောင်နေသည်မှာလည်း ဒူးရင်းသီး ၁လုံး ၃၅၀၀ ကျပ် ဆိုတော့
ဈေးချိုသည် ဟု ထင်မိပါသည်
ရန်ကုန်တွင်ပင် ဒူးရင်းသီး ၁လုံး ၈၀၀၀ မှ ၁၀၀၀၀ ရောင်းနေသည်ကိုလတွေ့လာရသည့်အတွက်
နံတော့မှနံ စားမှာ ဟူ၍ ဝယ်ယူ ခဲ့ပါတော့သည်
အိမ်ရောက်တော့ ဒူးရင်းသီးအား ချက်ခြင်းခွဲ ပြီး စားလိုက်ရပါတော့သည်
အကြောင်းမှာ အနံ့မခံ နိုင်၍ ဖြစ်ပါတော့သည်