ပြန်ပြီးမပြောတဲ့ ရက်တွေအကြောင်းပြန်သတိရမိရင်
ရိုက်ထားတဲ့စာလေးတွေ ပြန်ဖျက်မိသွားရုံလောက်ပါ ။
တချို့ညတွေမှာ တစ်ညလုံး မအိပ်နေနေမိသလို
တချို့ရက်တွေဆို ဘာနေ့မှန်းမသိတဲ့အထိ
ဒိတ်တွေပျောက်နေမိတယ် ။
မနက် နေ့လည် ည အရာရာဟာ အတူတူပါပဲ
ထူးထူးခြားခြား ပျော်စရာမရှိတဲ့နေ့တွေ
အလိုလိုနေရင်း ကြေကွဲနေမိတယ် ။