ကျွန်တော်တို့ရဲ့ လူမှုဘ၀ကို ပိုမိုပျော်ရွှင်စေအောင် အဖော်ပြုပေးကြတဲ့ ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးတွေ အမျိုးမျိုးရှိကြပါတယ်။ အဲ့ဒီထဲကမှ ခွေးလေးတွေဟာ ကျွန်တော်တို့အပေါ် ဘယ်လောက်ထိသစ္စာရှိပြီး ပျော်ရွှင်စေနိုင်သလဲ ၊ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဘယ်လိုအံ့သြစရာကောင်းလောက်အောင် အထောက်အကူဖြစ်စေသလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ကြရအောင် ။
1- ပါပီလေးတွေဟာ သင့်ခနာကိုယ်ရဲ့  ကိုလက်စထရောလျော့ကျမှုကို အထူးကူညီပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့အတူ နေ့စဉ်လမ်းလျှောက်ခြင်း၊ ဆော့ကစားခြင်းတွေ ပြုလုပ်ပေးရတဲ့အတွက် ခနာကိုယ်လှုပ်ရှားမှုဟာ သာမန်လူတွေထက် ပိုမို များပြားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
2- သွေးဖိအားကိုလည်း လျှော့ချပေးနိုင်ပါတယ် ။နယူးယောက်နိုင်ငံက လေ့လာသူအချို့ရဲ့ မှတ်တမ်းအရ သွေးတိုးရောဂါအတွက် ဆေးကုသမှုခံယူနေရသူတွေမှာ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ကြသူတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွေးဖိအားတိုးမှုကို 50%ထိ လျော့ချနိုင်ကြောင်းသိရှိရပါတယ် ။
3- ပါပီလေးတွေကေ နှလုံးရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ ကိုလက်စထရောကို လျော့ကျစေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း ၊ သွေးဖိအားလျှော့ချပေးနိုင်ခြင်း အစရှိတဲ့ အချက်အလက်တွေပေါင်းစပ်လိုက်တဲ့အခါ နှလုံးရောဂါဖြစ်ပွားမှုကိုပါ အလိုအလျောက်ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ သင့်ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်မယ်ဆိုရင်လည်း အဲ့အချက်ဟာ မှန်ကန်ကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။
4- မိသားစုတွင်းဆက်ဆံရေးကို ပိုမိုနွေးထွေးစေပါတယ်။ ပါပီလေးတွေဟာ လူချစ်လူခင်များအောင် နေထိုင်တတ်ကြသလို၊ မိသားစုတွေအချင်းချင်းကိုလည်း ပိုမိုစည်းလုံးစေပါတယ်။ သူတို့ကြောင့် အိမ်မှာပိုမို ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အခြေအနေတွေကို ဖန်တီးနိုင်ပါတယ် ။
5- စိတ်ကျရောဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။ ပါပီလေးတွေဟာ သင့်ကို လူ့အဖွဲ့အစည်းအတွင်းက အထီးကျန်မှုတွေ၊ နာကျင်မှုတွေနဲ့ ခါးသီးတဲ့ ဆက်ဆံရေးတွေကို မေ့လျော့သွားစေနိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။
Credit to upup