မိန်းမ နဲ့  ခွဲနေနိုင်ပေမယ့်
ဖုန်းနဲ့  ခွဲမနေနိုင် ပါ
ကြားလေသွေး လျင် ဝေးမှာစိုး တယ်…
ဆိုတာ
ဒါလား
နှစ်ကိုယ်တူ ချစ်သမျှ ကို
တဲ့
ဘာလား
အားမရှိလျင် သနားမိတယ်
အရိပ်တစ်ကြည့်ကြည့် ကွယ် အားသွင်းထား အခါတုန်းဝယ်
လွမ်းလှတယ်
ဆွေးရတယ်
ခနခဏ ကွယ် ကြည့်ရတယ် (လူခိုးမှာလည်း စိုးရ သကို)
အမူပိုရယ်
လူကို ကွယ် မိုက်ကရိုဝေး နဲ့ ရစ်ပတ်နွှယ်
မခွဲနိုင်ပါ အမှန်ကွယ်…
ဘုရးဟော ကြမ်းမှာ ထပ်ဖြည့်မယ်
ကာမုပါဒါန်ရယ်
ဒိဋ္ဌု ပါဒါန် ရယ်
အတ္တာဝါဒု ပါဒါန်ရယ်
သီလပ္ပဒု ပါဒါန်ရယ်
၎ပါး မပြည့်စုံတော့ တယ်
ယခု မှ ကွယ် ထပ်တိုးမယ် ဖုန်းဥပါဒါန် ထပ်တိုးမယ်
တရားကို ရှာရင်း ဖုန်းတရားကကွယ်တယ်
အမှားကို နွှာရင်း အမှန်က ရွာလည်လည်
အခုမှ ခက်ပေါ့တကယ်
မိဖုန်းရယ်
မိဖုန်းစခရင်လေး ရယ်
မပွတ်ရလျင် စားမဝင်ပါလေတယ်
ကြာတော့လည်း မ ,ချီ ရတာ လက်ညောင်း…………………ပရိတ်သတ်ကြီးဘာတဲ့
တစ်ခုတော့တောင်းဆိုချင်ပါတယ်
ဖုန်း ထုတ်တဲ့ ကမ္ပဏီ များ ရယ်
နောက်တခါ ဗါးရှင်း ထွက်မယ်ဆိုလျင်ကွယ်………
ဟန်းဆက်နဘေး မှာ ငါးကြင်းခွက်လိုကွယ်
လက်ကိုင်ကွင်းပါ ထည့် ကာ တပ် ပေးးးး
[ဘာတဲ့တုန်း ဟေ့ ] (ကွယ်) ပါဘုရာ့
နောက်တမျိုး ကွယ် ပြောချင်ပြန်ပါတယ်
ငါသေလျင် ဘာမှ မမှာ ချင်တယ်
အကုန်စိတ်ချ မယ်
အာသန္နကံ ကပ်ခါပါးဝယ် ငါ့ဖုန်းလေး ကို ဘေးမှာ ချထား
[ပရိတ်သတ် ဘာတဲ့တုန်း] (ဟယ်)
:)